ပိုင်ရှင် သေဆုံးခဲ့တဲ့နေရာကို ပြန်ပြန်လာတဲ့ မော်တော်ဆိုင်ကယ်

လူထောင်ပေါင်းများစွာတို့က အဲဒီမော်တော်ဆိုင်ကယ်ကို ပူဇော်ပသဖို့ နှစ်စဉ် အိန္ဒိယကို သွားကြပါတယ်။၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၂ ရက်မှာ အွမ်ဆင်းရက်သွန် အိန္ဒိယ လူငယ်လေးတစ်ယောက်ဟာ နိုင်ငံအနောက်ပိုင်းမှာရှိတဲ့ ပါလီမြို့နဲ့ ၁၆ မိုင်ဝေးတဲ့ သူ့ရဲ့မွေးရပ်ရွာလေးဆီ ဆိုင်ကယ်စီးပြီး ပြန်လာခဲ့ပါတယ်။ဒါပေမဲ့ ရက်သွန်ဟာ သူ့ရဲ့ရွာကို မရောက်ခဲ့ပါဘူး။ သူ့ရဲ့ဆိုင်ကယ်ဟာ လမ်းချော်သွားပြီး သစ်ပင်တစ်ပင်ကို ဝင်တိုက်ပြီးတဲ့နောက် မြောင်းတစ်ခုထဲ ပြုတ်ကျပြီး ချက်ချင်း သေဆုံးသွားခဲ့ပါတယ်။

မြေပိုင်ရှင်သူဌေးတစ်ဦးရဲ့သားဖြစ်တဲ့ အသက် ၂၃ နှစ်အရွယ် ရက်သွန်ဟာ ဆယ်ကျော်သက်ဘဝကတည်းက 350cc Royal Enfield Bullet မော်တော်ဆိုင်ကယ်ကို ဝယ်ထားတာဖြစ်ပြီး သူ သေဆုံးခဲ့တဲံ လမ်းပေါ်မှာ အမြဲမောင်းနေကျ ဖြစ်ပါတယ်။စုံစမ်းစစ်ဆေးဖို့အတွက် ရဲတွေက ရက်သွန်ရဲ့ အချစ်တော် ဆိုင်ကယ်ကြီးကို ရဲစခန်းကို သိမ်းယူသွားခဲ့ပေမဲ့ နောက်တစ်နေ့ နံနက်မှာပဲ ဆိုင်ကယ်က ပျောက်ဆုံးသွားခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ပြန်လိုက်ရှာတော့ ဆိုင်ကယ်ကို ရက်သွန် ဝင်တိုက်ခဲ့တဲ့ သစ်ပင်အောက်မှာ ပြန်တွေ့ခဲ့ပါတယ်။

ဒါဟာ နောက်ပြောင်ကျီစယ်တာ ဖြစ်မယ်လို့ ယူဆပြီး ရဲမှူးက ဆိုင်ကယ်ကို ဆီကုန်အောင်ထုတ်ပြီး သံကြိုးနဲ့ ချည်ခိုင်းထားပေမဲ့ ဆိုင်ကယ်က ပျောက်သွားပြန်ပြီး အဲဒီသစ်ပင်အောက်ပဲ ရောက်နေပြန်ပါတယ်။ဒီအဖြစ်အပျက်ဟာ ကြိမ်ဖန်များစွာ ဖြစ်ပျက်လာတော့ ဆိုင်ကယ်က နတ်ဘုရားမို့လို့ပဲလို့ ယူဆလိုက်ကြပါတယ်အဲဒီသတင်းက အနီးအနားကျေးရွာတွေကို ပျံ့နှံ့သွားပြီး ရက်သွန်သေဆုံးသွားခဲ့တဲ့ မြောင်းပေါ်မှာ ပလက်ဖောင်းတစ်ခု ဆောက်ပြီး မော်တော်ဆိုင်ကယ်ကို နတ်ဘုရားလို စတင်ပူဇော်ပသလာကြပါတယ်။ဆိုင်ကယ်ကို အမွှေးတိုင်တွေ၊ ပန်းတွေနဲ့ အုန်းသီးတွေ ဆက်ကပ်ကြပါတယ်။

ရက်သွန်ရဲ့ ဝိညာဉ်က ဆက်လက်ရှင်သန်နေပြီး သူ့ရဲ့ဆိုင်ကယ်ကို ယူသွားတာ ကြိုက်ပုံမရဘူးလို့ ယူဆရတဲ့အတွက် ရဲတပ်ဖွဲ့ကလည်း ဆိုင်ကယ်ကို အဲဒီနေရာမှာပဲထားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။အဲဒီအချိန်ကတည်းကစလို့ ဆိုင်ကယ်နတ်နဲ့ ပတ်သက်တဲ့ ဇာတ်လမ်းများစွာ ထွက်ပေါ်လာခဲ့ပါတယ်။ မော်တော်ဆိုင်ကယ်စီးသမားတစ်ယောက်ရဲ့ အပြောအရ အဲဒီနားမှာ သူ ဆိုင်ကယ်မှောက်ပြီး သွေးထွက်သံယိုဖြစ်နေတုန်း ဆိုင်ကယ်နတ်ဘုရား ရောက်လာပြီး သူ့ကို ကယ်ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။တချို့ကလည်း ညဘက်ဆိုရင် ဆိုင်ကယ်စက်သံတွေကြားရတယ်လို့ ပြောကြပါတယ်။

Credit:မြန်မာသတင်းထူးသတင်းဦးများ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။