ပိုပိုအဖြစ်ကလည်း သိပ်တော့မစားသာလှပါဘူး ။ မူဆယ်ကို ဖျော်ဖြေရေးအတွက် သွားရောက်ရင်းနဲ့ ကားကြပ်တဲ့ မူဆယ်ရဲ့ နာမည်ကျော်လမ်းမကြီးထက်မှာ
ညသန်းခေါင်းကျော် ထလမ်းလျှောက်လိုက်ရတာပါ ။ ကားတွေကြပ်လို့ ရှေ ့ဆက်သွားလို့မရတော့တဲ့အတွက် လာခေါ်တဲ့ ကားသေးလေးရှိတဲ့ဆီကို ချမ်းချမ်းစီးစီးရာသီဥတုမှာ ၁၅ မိနစ်လောက် လမ်းလျှောက်သွားလိုက်ရတယ်လို့ သူမကဆိုပါတယ် ။
" ဖုန်းလိုင်းမမိ ကားကြပ်ပြီး မောင်းလို့မရ စားစရာ မရှိ အေးခဲ မှောင်မှောင်မဲမဲထဲ နောက်ဆုံး လမ်းလျှောက်ပြီး လာခေါ်တဲ့ ကားဆီ ၁၅ မိနစ်လောက် လျှောက်ကြရင်း အခုထိ မူဆယ်မရောက်သေး အမှတ်တရ ရွှေလီ ခရီးစဉ် " တဲ့ ။
နောက်ဆုံးမနက် ၄နာရီ ၁၅ မှ မူဆယ်ကိုရောက်ရှိသွားပါတယ်တဲ့ ။ အဲဒီအချိန်မှာ ရန်ကုန်မှာက ည ၂ နာရီခွဲကျော်ပဲရှိသေးတာပါ ။
ပိုပိုတို့ရဲ့ ညကြီးမင်းကြီးခရီးသွားအမှတ်တရပုံလေးတွေ မျှဝေပေးလိုက်ပါတယ်နော် ...
သတင်းအရင်းမြစ် Po Po
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။