လက်နဲ့ထိရင်ရွှေဖြစ်သတဲ့လား ဦးကြည်လွင်


မြန်မာလူမျိုးနည်းပြတွေထဲမှာဦးကြည်လွင်ကိုတော့နိုင်ငံတကာက

အားလုံးကအသိအမှတ်ပြုကြပါတယ်။သူကိုင်ခဲ့တဲ့စင်ကာပူ

ဆီးဂိမ်းအသင်းကအားလုံးကိုမွေနှောက်ချောက်ခြားစေခဲ့

တာကို။စူပါစတားကစားသမားတွေမပါပဲကောင်းဆက်နိုင်တို့ရဲ့ယူ-23အသင်းကိုငွေတံဆိပ်ဆုရယူပေးနိုင်ခဲ့သည်မဟုတ်လား။ထိုပြိုင်ပွဲတွင်မြန်မာအသင်းကိုunderdogအသင်းအဖြစ်သာ

သတ်မှတ်ထားခဲ့ကြသည်မဟုတ်ပါလား။

အနှီကဲ့သိုဆိုလျှင်ဦးကြည်လွင်ကလက်နဲ့ထိရင်ရွှေဖြစ်သတဲ့လား။ပြင်ဆင်စုစည်းမှုအားနည်းနေသောယူ-21ကိုသူ

ကိုင်တွယ်ခဲ့ပါတယ်။အသင်းတွင်Big Nameပလေယာများ

မပါ။စင်ကာပူဆီးဂိမ်းအသင်းလိုပင်။ရွှေကို၊ဘုန်းသစ္စာ

မင်း၊မြတ်ကောင်းခန့်၊ဟိန်းထက်အောင်တို့စတဲ့ကစား

သမားအနည်းငယ်မှအပကျန်ကစားသမားများ

အားလုံးကပရိသတ်နဲ့အစိမ်း။



ထိုအသင်းကားဗီယက်နမ်ဖိတ်ခေါ်မလားသွားမယ့်အသင်း၊

ဖိလစ်ပိုင်ဆီးဂိမ်းအတွက်ကြိုတင်ပြင်ဆင်တဲ့အသင်းဖြစ်ပါတယ်။ ဒီအတောအတွင်းကစားသမားအပြောင်းအလဲတွေများစွာရှိလာအုံးမည်။သို့သော်နည်းပြအနေနဲ့

ဦးကြည်လွင်ကိုသာဆက်ခန့်မည်ဆိုပါကစင်ကာပူဆီးဂိမ်း

အသင်းရဲ့ရလဒ်ကိုမှီမည်ဟုမျှော်လင့်မိပါတယ်။

ဦးကြည်လွင်ရဲ့ပထမဆုံးပွဲမှာတင်မွန်ဂိုလီးယား

လက်ရွေးစင်အသင်းကြီးကိုမြန်မာယူ-21ကနှစ်ဂိုး

တစ်ဂိုးနဲ့အနိုင်ကစားခဲ့တယ်မဟုတ်ပါလား။

Agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။