အိန္ဒိယအမျိုးသားတစ်ဦးဟာ ပိုက်ချောင်းပေါင်း ၄၅၉ချောင်းကို ပါးစပ်ထဲတစ်ပြိုင်နက်ထည့်ပီးစံချိန်တင်ခဲ့ပါတယ်။ဒီအမျိုးသားဟာ အိန္ဒိယနိုင်ငံအရှေ့ပိုင်း၊ အိုဒီရှာပြည်နယ်မှာနေထိုင်တဲ့ အသက်၂၃နှစ်အရွယ် မာနွတ်ကူးမားမဟာရာနာဆိုသူဖြစ်ပါတယ်။သူဟာ ပိုက်ချောင်းပေါင်း၄၅၉ချောင်းကို သူ့ရဲ့ ပါးစပ်ထဲထည့်ပီး လက်နှင့်မကိုင်ပဲ ၁၀စက္ကန့်ကြာနေပြနိင်ခဲ့ပါတယ်။

ပထမအစပိုင်းပိုက်ချောင်းများကို ပါးစပ်ထဲထည့်သောအခါ လက်ဖြင့်အနည်းငယ်ထိန်းခဲ့ရပီး မျက်နှာမော့တဲ့အချိန်မှာတော့ လက်ကိုမြှောက်ပြပီး စက္ကန့်ပိုင်းအကြာနေပြခဲ့တာပဲဖြစ်ပါတယ်။သူ့ရဲ့လက်တွေ့ပြသမှုကို ဂင်းနစ်အဖွဲ့ကတိုက်ရိုက်ကြည့်ရှုပီးတဲ့နောက် ဂင်းနစ်စာအုပ်ထဲမှာ မှတ်တမ်းတင်ပေးခဲ့တာပဲဖြစ်ပါတယ်။

ယခုလိုပုံစံနဲ့အလားတူ စံချိန်တင်ထားတာကတော့ ဗြိတိန်နိုင်ငံသား ဆီမွန်အီလ်မိုးဆိုသူဖြစ်ပီး သူကတော့ပိုက်ချောင်းပေါင်း၄၀၀ကိုပါးစပ်ထဲမှာထည့်ပီးစံချိန်တင်ထားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့သူတင်ထားတဲ့စံချိန်ကို အိန္ဒိယနိုင်ငံသား မဟာရာနာက ၅၉ချျောင်းအသာနဲ့ကျော်ဖြတ်ပီး ကမ္ဘာ့စံချိန်ချိုးသွားခဲ့တာပဲဖြစ်ပါတယ်။

Source : Wow Box , Internet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။