အပြာကားကြည့်ကာ သမီးငယ်ကို အကြိမ်ကြိမ် အနိုင်ပြုကျင့်ခဲ့တဲ့ ဖခင်ကို အမှုဖွင့်ကာစစ်ဆေးနေပြီဟုသိရပါတယ်။ ထိုကဲ့သို့ အနိုင်ကျင့်တာဟာ တစ်လကျော်ပြီဟူသိရှိရပြီး အိမ်နီးချင်းတွေက တိုင်ကြားလို့သာ ဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။ ပြစ်မှုကျူးလွန်သူမှာ ဦးရွှေထွန်း (၄၁)နှစ်အရွယ်ဖြစ်ပြီး ဆိုက်ကားနင်းတဲ့သူဖြစ်ရာ အိမ်ထောင်ကွဲ ဖြစ်ပြီး သား အကြီး ၁၁ နှစ်နှင့် သမီးငယ် ၉နှစ်ရှိကြောင်းသိရပါတယ်။

သားအကြီးကိုယ်တိုင်လည်း သူ့ညီမကို မျက်စိရှေ့မှာ ပါးစပ်ပိတ်ကာ အနိုင်ကျင့်တာကိုတွေ့ခဲ့ရတယ်လို့ဆိုပါတယ်။ သိသိချင်းညမှာပဲ ဘုန်းကြီးကျောင်းကို ထွက်ပြေးခဲ့ပြီး ဖခင်က ပြန်ပြောရင် သတ်ပစ်မယ်လို့ ခြိန်းချောက်ခဲ့သော်လည်း ဖခင် အဖမ်းခံရမှာဆိုး၍ မည်သူမှ မပြောခဲ့ကြောင်း ထွက်ဆိုခဲ့ပါတယ်။

‘‘ဒီလူက ညညအရက်မူးလာ ပြီး ညဉ့်နက်ရင် ဟိုဘက်အခန်းက အသံဗလံတွေ ကြားရတယ်။ ကလေးကငိုယိုပြီး ကျွန်တော်တို့ အိမ်ဘက်ကို ပြေးလာတာ ခဏ ခဏပဲ။ ညဘက်ဆို အိမ်မပြန်ချင် ဘူးဆိုပြီး ကျွန်တော်တို့အိမ်မှာပဲ ကပ်နေတာ။ အဲဒီည (နိုဝင်ဘာ ၁၇)ကလည်း ည ၈ နာရီလောက် ကြီး ကလေးကို အတင်းခေါ်နေ တာ ကလေးကလည်း ငိုယိုနေ တော့ ကျွန်တော်တို့လည်း သည်း မခံနိုင်ဘဲ ရပ်ကွက်ရုံးကို ကလေး ကို အမှန်အတိုင်းပြောဖို့ ချော့ မော့ပြောပြီး ပို့လိုက်မှ အဖြစ်မှန် ထွက်လာတာပဲ’’ အဓမ္မပြုကျင့်သူ ၏အိမ်နှင့် ဘေးချင်းကပ်တွင် နေ ထိုင်သည့် အိမ်ငှားက ပြောသည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။