အောင်သူခေတ်အလွန်ယူ-23တိုက်စစ်ကိုဦးဆောင်မယ့်ဝင်းနိုင်ထွန်း


လာမယ့်ဒီဇင်ဘာလထဲကျင်းပဖို့ရှိနေတဲ့M-150

ဖလားပွဲဝင်ရောက်ယှဉ်ပြိုင်မယ့်မြန်မာယူ-23အသင်းဟာ

ဒီနေ့ညနေခြောက်နာရီမှာမွန်ဂိုလီးယားလက်ရွေးစင်

ဘောလုံးအသင်းနဲ့ယှဉ်ပြိုင်ကစားသွားမှာပါ။

မွန်ဂိုလီးယားအသင်းဟာ24ရက်နေ့ကယှဉ်ပြိုင်ခဲ့တဲ့

ယူ-21နဲ့ပွဲမှာနှစ်ဂိုးတစ်ဂိုးနဲ့ရှုံးထားပါတယ်။ယူ-21ထက်ပိုကောငး်တဲ့ယူ-23နဲ့ပွဲ

မှာရောဘယ်လိုရလဒ်တွေထွက်ပေါ်လာမလဲ။



မွန်ဂိုလီးယားနည်းပြမိုက်ကယ်ဝိုက်ဟာဖိလစ်ပိုင်

နည်းပြလုပ်ဖူးတာမို့မြန်မာအသင်းအကြောင်းနောကျေ

နေအောင်သိပြီးသားပါ။ပထမပွဲအရှုံးအတွက်ဒီနေ့ပွဲမှာ

ရလဒ်ကောင်းယူမယ့်အနေအထားအပါ။

မြန်မာယူ-23အသင်းဘက်ကိုကြည့်ရင်တော့

ဒီပွဲဟာဆီးဂိမ်းအပြီးပထမဆုံးပြန်လည်ယှဉ်ပြိုင်တဲ့ပွဲပါ။

အမာခံကစားသမားတွေတော်တော်များများပါဝင်လာပေ

မယ့်ကစားသမား12ယောက်လောက်ကမျက်နှာသစ်တွေပါ။.



ဒီပွဲမှာစိတ်ဝင်စားစရာကောင်းတာကအောင်သူခေတ်အလွန်

မြန်မာအသင်းတိုကစစ်ကိုဦးဆောင်လာမယ့်ယူ-18တိုက်စစ်မှူး

ဝင်းနိုင်ထွန်းပါ။အောင်သူပါမပါဆိုတာကတော့သတင်းကနှစ်မျိုးထွက်နေပါတယ်။အောင်သူပါခြင်းမပါခြင်းထက်အောင်သူ

မရှိတော့တဲ့တိုက်စစ်ကိုဘယ်သူဦးဆောင်မလဲဆိုတာက

ပိုစိတ်ဝင်စားစရာ။လက်ရှိရွေးချယ်ထားတဲ့တိုက်စစ်မှူး

တွေအရသန်းပိုင်ဟာအတွေ့အကြုံအရင့်ဆုံးဖြစ်ပေမယ့်

ဂိုးသွင်းနှုန်းဘောလုံးစကေးတွေမှာဝင်းနိုင်ထွန်းကသာနေတာမို့ဒီနေ့ညနေမြန်မာတိုက်စစ်ကိုဝင်းနိုင်ထွန်းဘယ်လိုဦးဆောင်မလဲစောင့်ကြည့်ရအောင်ပါ။

Source -MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။