အောင်သူမပါခဲ့တာကြောင့်ရှုံးခဲ့တာလား

မနေ့ကမွန်ဂိုလီးယားနဲ့ပွဲမှာမြန်မာယူ-23အသင်းနှစ်ဂိုး

တစ်ဂိုးနဲ့အရှက်တကွဲရှံုးနိမ့်ခဲ့ရပါတယ်။လက်ရွေးစင်

အသင်းကြီးနဲ့23ကန်လို့ရှံုးတယ်လို့ဆင်ခြေပေးလို့

ရပေမယ့်မြန်မာယူ-23မှာလက်ရွေးစင်ကစားသမား

ဆယ်ယောက်လောက်ပါသလိုဂျူနီယာဖြစ်တဲ့

မြန်မာယူ-21ကလည်းမွန်ဂိုလီးယားအသင်းကိုနှစ်ဂိုးတစ်ဂိုး

နဲ့အနိုင်ကစားထားခဲ့တာပါ။နည်းပြကြီးဂတ်ကတော့ပွဲ

မစခင်ကတော့အောင်သူနေရာကိုအစားထိုးဖို့ခက်မယ်လို့

ကြိုပြောထားတာရှိပါတယ်။

ဒါဆိုအောင်သူမပါလို့များရှုံးတာလား။အောင်သူမပါတဲ့

အတွက်ယူ-23အသင်းရဲ့တိုက်စစ်ကအားပျော့သွားခဲ့

တာတော့အမှန်ပါပဲ။ဒါပေမယ့်အောင်သူမပါလို့ဆိုတဲ့

ဆင်ခြေထက်ပိုတဲ့အကြောင်းအရာတွေပွဲအတွင်းတွေ့မြင်ခဲ့ရပါတယ်။ရှေ့တန်းမှာတင်ကစားထားတဲ့

ဝင်းနိုင်ထွန်းနဲ့ပြည့်စုံနိုင်တို့ကလည်းပွဲအတွေ ့အကြံု

လိုနေသေးသလိုဒီထက်ပိုကြိုးစားဖို့လည်းလိုနေပါသေးတယ်။

နောက်တစ်ချက်ကဒီပွဲရဲ့ဗီလိန်ဖြစ်သွားသူသီဟထက်အောင်ပါ။ခြေစမ်းပွဲ

တစ်ပွဲမှာရန်လိုတဲ့ကစားသမားမဆန်တဲ့အပြုအမူတွေကိုသူလုပ်ခဲ့ပြီးတိုက်ရိုက်အနီကဒ်နဲ့အထုတ်ခံခဲ့ရပါတယ်။

သူထွက်သွားခဲ့ရတဲ့အတွက်အသင်းဟာများစွာနစ်နာခဲ့ရပါတယ်။နံပတ်7ပိုင်ရှင်

မောင်မောင်လွင်အနေနဲ့လည်းခြေစွမ်းတွေပျောက်ဆုံးနေခဲ့ပြီးတစ်ပွဲလုံးမှာခြေမှန်ရခဲ့တာက

အသင်းခေါင်းဆောင်စည်သူအောင်တစ်ယောက်သာရှိပါတယ်။မြန်မာအသင်း

ရခဲ့တဲ့ချေပဂိုကိုလည်းပြစ်ဒဏ်ဘောကနေတဆင့်သူကန်သွင်း

ယူပေးခဲ့ပြီးပ်ဲအပြီးမှာတော့ကိုယ့်ထက်ဘောလုံးအဆင့်အတန်း

များစွာနိမ့်ကျတဲ့မွန်ဂိုလီးယားကိုနှစ်ဂိုးတစ်ဂိုးနဲ့အရှက်တကွဲ

ရှုံးနိမ့်ခဲ့ရပါတယ်။

Source-MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။