ယမန်နေ့ညကတော့ ပရီးမီးယားလိဂ်ပွဲစဉ်များ ကစားခဲ့ကြပါတယ်။ ပရီးမီးယားလိဂ်၏ဇယားထိပ်ဆုံးမှာ ရပ်တည်နေတာကတော့ မန်စီးတီးပါ။ မန်စီးတီးက အမှတ်ပေးဖလား ရှုံးပွဲမရှိသေးပါဘူး။ ယမန်နေ့ညမှာတော့ မန်စီးတီးက ဟက်ဒါဖီးလ်နင့် ကစားခဲ့ရပါတယ်။

မန်စီးတီးတို့အနေဖြင့် ဟက်ဒါဖီးလ်၏ကွင်းမှာ သွားကစားခဲ့တာပါ။ အိမ်ရှင် ဟက်ဒါဖီးက အကောင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာခဲ့ပါတယ်။ မန်စီးတီးကလည်း ဒီဘရီုင်း စတာလင် အဂူရိုတို့ဖြင့် ထွက်လာခဲ့ပါတယ်။ ၂သင်းစလုံးကတော့ အပြိုင်ကစားခဲ့ပါတယ်။

ဒီပွဲမှာ ဦးဆောင်ဂိုး ရရှိခဲ့တာကတော့ ဟက်ဒါဖီးအသင်းဖြစ်ပါတယ်။ ပွဲချိန် ၄၅မှာ ဟက်ဒါဖီးအသင်းရရှိတဲ့ ထောင့်ကန်ဘောကို မန်စီးတီးနောက်ခံလူ အော်တာမန်ဒီဖျက်ရကနေ ကိုယ့်ဂီုးကိုယ်သွင်းမိကာ ဟက်ဒါဖီးတို့ ဂီုးရခဲ့တာပါ။ သို့သော် ပွဲချိန် ၄၇မှာ စတာလင်ကို ဟက်ဒါဖီးနောက်ခံလူတွေ ပင်နယ်တီအေရိယာမှာတွန်းလှဲခဲ့တာကြောင့် မန်စီးတီးပင်နယ်တီရခဲ့ပါတယ်။ အဆိုပါ ပင်နယ်တီကို အဂူရိုက ချေပဂိုးအဖြစ်ပြောင်းခဲ့ပါတယ်။ ပွဲချိန် ၈၄မိနစ်မှာ စတာလင်က မန်စီးတီးအတွက် နောက်ကျ အနိုင်ဂိုးကိုသွင်းခဲ့ပါတယ်။ ဒါ့ကြောင့် ပွဲအပြီးမှာ မန်စီးတီးက ၂-၁ ဂိုးဖြင့် ဟက်ဒါဖီးကိုနိုင်ခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။