ရွာထဲကိုဝင်လာတဲ့ ဒီအကောင်လေးရဲ့ ထူးခြားတဲ့ပုံစံကြောင့် ရွာခံတွေဟာ ကြောက်လန့်တကြားနဲ့ ရိုက်နှက်ခဲ့ပြီးနောက် တကယ်ဘာကောင်လဲဆိုတာ သိသွားခဲ့တဲ့အချိန်မှာတော့ နောင်တတွေအကြီးကြီး ရခဲ့ကြပါတယ်။ 

အင်ဒိုနီးရှားနိုင်ငံ၊ ဘော်နီယိုကျွန်းဆွယ်မှာရှိတဲ့ Sibuလို့အမည်ရတဲ့ရွာထဲကို တစ်နေ့မှာ ဂြိုလ်သားပုံပေါက်နေတဲ့ အကောင်လေးတစ်ကောင် ဝင်ရောက်ခဲ့တာကြောင့် ရွာသားတွေဟာ အလန့်တကြားနဲ့ အကောင်လေးကို မလှုပ်နိုင်တော့တဲ့အထိ ရိုက်နှင်ခဲ့ပါတယ်။ အကောင်မလှုပ်နိုင်တဲ့အချိန်မှာတော့ ရွာသားတွေဟာ ပုံစံကို သေချာကြည့်ရှုတဲ့အခါ ခွေးပုံစံမျက်နှာရှိပြီး ကိုယ်လုံးကအတော်ကြီးမားပြီး ခြေထောက်နှစ်ချောင်းတည်းနဲ့တောင် လမ်းလျှောက်နိုင်တယ်လို့ဆိုပါတယ်။

အဆိုပါသတ္တဝါ သတိပြန်ရလာတဲ့အချိန်မှာ ၀ိုင်းကြည့်ပြီးကြောက်လန့်နေတဲ့ ရွာသားတွေဆီကနေ ထွက်ပြေးခဲ့ပါတယ်။ နောက်ဆုံးသိရတာကတော့ အဆိုပါ သတ္တဝါဟာ Sun Bearလို့ခေါ်တဲ့ ရှားပါးဝက်ဝံမျိုးစိတ်ဖြစ်တယ်လို့ သိရပါတယ်။ ရွာသားတွေရိုက်နှက်ခဲ့တဲ့ ဝက်ဝံဟာ အရေပြားရောဂါခံစားနေရတာဖြစ်ပြီး ရက်အနည်းငယ်အကြာမှာ သူမကို ရွာသားတွေက ရွာနဲ့မနီးမဝေးမှာပြန်ရှာတွေ့ခဲ့တယ်လို့ ဆိုပါတယ်။

အရင်တစ်ခါက လူတွေရိုက်တာခံခဲ့ရတဲ့ ဝက်ဝံမလေးဟာ ပထမတော့ ရန်လိုတဲ့ပုံပေါ်ပြီး နောက်ဆုံးမှာ ရွာသားတွေဖမ်းသွားနိုင်ခဲ့ပြီး ဆေးကုသပေးနိုင်ခဲ့တယ်လို့ သတင်းရင်းမြစ်ကနေ ဆိုပါတယ်။

Source : viral4real

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။