ပြီးခဲ့တဲ့ တနင်္ဂနွေညကတော့ ပရီးမီးယားလိဂ်ပွဲစဉ်များ ကစားခဲ့ကြပါတယ်။ ပရီးမီးယားလိဂ်၏ဇယားထိပ်ဆုံးမှာ ရပ်တည်နေတာကတော့ မန်စီးတီးပါ။ မန်စီးတီးက အမှတ်ပေးဖလား ရှုံးပွဲမရှိသေးပါဘူး။ ယမန်နေ့ညမှာတော့ မန်စီးတီးက ဟက်ဒါဖီးလ်နင့် ကစားခဲ့ရပါတယ်။ ဒီပွဲမှာ ဦးဆောင်ဂိုး ရရှိခဲ့တာကတော့ ဟက်ဒါဖီးအသင်းဖြစ်ပါတယ်။ 

ပွဲချိန် ၄၅မှာ ဟက်ဒါဖီးအသင်းရရှိတဲ့ ထောင့်ကန်ဘောကို မန်စီးတီးနောက်ခံလူ အော်တာမန်ဒီဖျက်ရကနေ ကိုယ့်ဂီုးကိုယ်သွင်းမိကာ ဟက်ဒါဖီးတို့ ဂီုးရခဲ့တာပါ။ သို့သော် ပွဲချိန် ၄၇မှာ စတာလင်ကို ဟက်ဒါဖီးနောက်ခံလူတွေ ပင်နယ်တီအေရိယာမှာတွန်းလှဲခဲ့တာကြောင့် မန်စီးတီးပင်နယ်တီရခဲ့ပါတယ်။ အဆိုပါ ပင်နယ်တီကို အဂူရိုက ချေပဂိုးအဖြစ်ပြောင်းခဲ့ပါတယ်။ ပွဲချိန် ၈၄မိနစ်မှာ စတာလင်က မန်စီးတီးအတွက် နောက်ကျ အနိုင်ဂိုးကိုသွင်းခဲ့ပါတယ်။ ဒါ့ကြောင့် ပွဲအပြီးမှာ မန်စီးတီးက ၂-၁ ဂိုးဖြင့် ဟက်ဒါဖီးကိုနိုင်ခဲ့ပါတယ်။ အဆိုပါပွဲအပြီးမှာတော့ မန်စီးတီးက စံချိန်များစွာကိုတင်နိုင်ခဲ့ပါတယ်။ 

အဲဒီပွဲမှာ မန်စီးတီးအသင်းဘက်ကို အဖွင့်ဂိုးသွင်းယူခဲ့တဲ့ ဟတ်ဒါဖီးလ်အသင်းဟာ ဒီရာသီမှာ ပက်ဂွါဒီယိုလာရဲ့ အသင်းကို အလွတ်တည်ကန်ဘောကနေတဆင့် ဂိုးရအောင်သွင်းယူနိုင်တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။မန်စီးတီးအသင်းဟာ ပြိုင်ပွဲအရပ်ရပ် မှာကစားခဲ့တဲ့ အဝေးကွင်းပွဲစဉ်တွေမှာ 11 ပွဲဆက် အနိုင်ရလာဒ် ထွက်ပေါ်အောင် စွမ်းဆောင်နိုင်ခဲ့ပါပြီ။ ဒါဟာ အင်္ဂလန်ဘောလုံး သမိုင်းတစ်လျှောက် ထိပ်သီးကလပ်အသင်းတစ်သင်းက စွမ်းဆောင်ပြနိုင်တဲ့ အမြင့်ဆုံး စွမ်းဆောင်ရည် မှတ်တမ်းပဲ ဖြစ်ပါတယ်။စတာလင်ကတော့ မန်စီးတီးအတွက် ဒီရာသီမှာ 18 ပွဲသာ ကစားပေးရသေးသော်လဲ သူ့ရဲ့သွင်းဂိုးက 12 ဂိုုးအထိရှိလာခဲ့ပြီဖြစ်ပြီး၊ အဲဒီပမာဏဟာ ဘောလုံးတစ်ရာသီအတွင်း သူ သွင်းယူခဲ့ဖူးတဲ့ ဂိုးအရေအတွက်တွေထဲမှာ အများဆုံး ပမာဏဖြစ်ပါတယ်။ပွဲစဉ် 13 အပြီးမှာတော့ မန်စီးတီးအသင်းဟာ စုစုပေါင်း ရမှတ် 37 မှတ်အထိ ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ အဒီ ရမှတ်ပမာဏဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အဖွင့်ပွဲ 13 ပွဲအပြီးမှာ ရယူနိုင်တဲ့ အမြင့်ဆုံးရမှတ်ဖြစ်ပြီး၊ ဒါကို မန်စီးတီးက စွမ်းဆောင်ပြလိုက်တာ ဖြစ်ပါတယ်။မန်စီးတီးအသင်းဟာ ပြိုင်ပွဲအရပ်ရပ်မှာ ရှုံးပွဲမရှိတာ 26 ပွဲဆက်တိုက် ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် ပြိုင်ပွဲအရပ်ရပ်မှာ နိုင်ပွဲဆက် ရရှိတာလဲ 18 ပွဲအထိ ရှိလာခဲ့ပါပြီ။ ဟတ်ဒါဖီးလ်နဲ့ပွဲစဉ်ဟာ 22 နှစ်အတွင်း မန်စီးတီးအတွက် ပထမပိုင်း ရှုံးနိမ့်ခဲ့သော်လဲ ပြန်လည် အနိုင်ယူပြနိုင်တဲ့ ပထမဆုံး ပရီးမီးယားလိဂ် အဝေးကွင်းပွဲ ဖြစ်လာခဲ့ပါတယ်။

Source – Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။