သင့်အဖေဟာ သင့်ကို လမ်းလျှောက်တတ်အောင် သင်ပေးခဲ့သူ၊ အမေဖြစ်သူဆူရင် ကာကွယ်ပြောဆိုပေးခဲ့သူ၊ သင့်ဘဝကြီး ဒီအခြေအနေရောက်အောင် ပ့ံပိုးပေးခဲ့သူပါ။ တရုတ်မှ ဒီအမျိုးသမီးရဲ့ လုပ်ရပ်ကတော့ လမ်းပေါ်က မြင်တွေ့သူအပေါင်းရဲ့ရင်ကို တိုက်ရိုက်ထိသွားစေပါတယ်။
အသက် ၄၃နှစ်အရွယ်ရှိ Lu Qinxia လို့ခေါ်တဲ့အမျိုးသမီးဟာ သူမနေ့စဉ်လုပ်နေကြအလုပ်တွေထဲက တစ်ခုဖြစ်တဲ့ လေဖြတ်နေတဲ့ သူမရဲ့အဖေနဲ့အတူလမ်းလျှောက်တာကို လုပ်နေကြပါ။ ဒါပေမယ့် အဖေဖြစ်သူဟာ လေဖြတ်တဲ့ခြေထောက်တစ်ခြမ်းဟာ ကောင်းမွန်စွာလှုပ်ရှားနိုင်ခြင်းမရှိတာကြောင့် သူမကတော့ ပုံမှာမြင်တွေ့ရတဲ့အတိုင်း သူမရဲ့ခြေထောက်တစ်ဖက်နဲ့ ထိန်းထားပြီး ဖခင်အိုကြီးနဲ့အတူ လမ်းလျှောက်ပါတယ်။
Lu ဟာ သူမရဲအဖေကို ဂရုစိုကိဖို့အတွကိ အလုပ်ပါထွက်ခဲ့ရပြီး ဒါလေးဟာ သူမအတွက်ပြောပလောက်တဲ့ အရာတစ်ခုမဟုတ်ဘူးလို့ဆိုပါတယ်။ ငယ်စဉ်ကတည်းက ဒီအရွယ်ထိ ကျွေးမွေးပြုစုစောင့်ရှောက်လာပေးတဲ့ အဖေဖြစ်သူကို ဒီလောက်ပြန်ဂရုစိုက်ရတာ စကားထဲထည့်ပြောနေစရာမလိုဘူးလို့ Luက ဆိုပါတယ်။
Luလိုမျိုးသားသမီးတွေ ရှားပါးလာတဲ့ခေတ်မှာ တရုတ်အွန်လိုင်းအသုံးပြုသူတွေကတော့ Luအတွကိ ဂုဏ်ယူပြီး ဒီအကြောင်းကို ဝေမျှခဲ့ကြပါတယ်။
Source : CCTV News
Translated by Alexa
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။