မိန်းမတွေရဲ့မာယာထဲမှာ တစ်ဖက်ယောကျာ်းလေး သဝန်တိုအောင်လုပ်ပြီး ကိုယ့်အပေါ်စိတ်ဝင်စားမှုရယူတာလဲ အပါအဝင်ပါ။ ဒါကိုမကျွမ်းကျင်တဲ့ မိန်းကလေးတွေအတွက် ဒီအချက်လေးတွေကိုတော့ ဖတ်ထားသင့်ပါတယ်။

၁။ ယောကျာ်းလေးသူငယ်ချင်းတွေနဲ့စကားပြောတာ

သူမသိတဲ့ယောကျာ်းလေးသူငယ်ချင်းနဲ့ စကားပြောတဲ့အခါ၊ သူကဘယ်သူလဲလို့ မေးလာတဲ့အခါ၊ သူငယ်ချင်းပါပဲလို့သာပြန်ဖြေလိုက်ပါ။ သူဒီ့ထက်ပိုသိချင်လာပြီး သဝန်တိုစိတ်ဖြစ်လာပါလိမ့်မယ်။ အဆိုပါယောကျာ်းလေးနဲ့ သူငယ်ချင်းအဆင့်သာရှိနေဖို့ကတော့ သင်တာဝန်ပါ။

၂။ သူ့သူငယ်ချင်းတွေရှေ့ အရမ်းကောင်းပြနေတာ

သူ့သူငယ်ချင်းတွေရှေ့မှာ စကားပြောဟန်၊ အမူအရာတွေ၊ ခင်မင်ဖွယ်ကောင်းအောင် နေပြနေတဲ့အခါ မနာလို အူတိုလာပါလိမ့်မယ်။ သာမန်ထက်ပိုပြီး အရမ်းရင်းရင်းနှီးနှီးမနေပြဖို့တော့ အကြံပေးချင်ပါတယ်။

၃။ ပုံလှလှလေးတွေတင်ပါ။

သင့်ပုံလှလှလေးတွေမှာ ဘယ်သူဘယ်လိုလာပြောတာကအစ သူကြည့်နေတတ်ပါတယ်။ ဒါကြောင့် ပုံလှလှလေးတွေတင်ပြီး သင်ဟာလဲ အလှပဆုံးမိန်းကလေးတစ်ယောက်ဖြစ်ကြောင်း သက်သေပြလိုက်ပါ။

၄။ တခြားယောကျာ်းလေးတွေအပေါ်စိတ်ဝင်စားမှုပြတာ

ဒါဟာ သူ သဝန်တိုဆုံးအချက်ပါ။ တခြားယောကျာ်းလေးအပေါ်စိတ်ဝင်စားမှုပြတယ်ဆိုကတည်းက သူ့စိတ်ကိုဆွလိုက်သလိုဖြစ်ပြီး သူ့မာနကို ထိခိုက်သလိုဖြစ်တာကြောင့် သဝန်တိုကြောင်းတွေပြောလာပါလိမ့်မယ်။ ဒါပေမယ့် အလွန််အကျွံ တခြားယောကျာ်းလေးနဲ့သူ့ကို နှိုင်းယှဉ်တာမျိုးတွေတော့ မလုပ်မိပါစေနဲ့။

Source : vixendaily

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။