အဆိုတော် G-fatt ကတော့ သူနဲပ နန်းဆုရတီစိုးတို့ရဲ့ ဓာတ်ပုံလေးတွေကို သူအသုံးပြုတဲ့ အင်စတာဂရမ်မှာ တင်လိုက်ပါတယ်..။

နန်းဆုရတီစိုးကလည်း သူ့ရဲ့ fb စာမျက်နှာမှာ “Throwback ပုဂံရာက်တော့အဲ့နေရာလေးပြန် သွားခဲ့တယ်..” ဆိုပြီး ပုဂံရောက်နေတဲ့ ဓာတ်ပုံလေးတွေ့ို တင်ထားတာ တွေ့ရပါတယ်..။

အခုနောက်ပိုင်းမှာောတ့ သူတို့ရဲ့ အကြောင်းကို fb နဲ့ အင်စတာဂရမ်တို့မှာ ပွင့်ပွင့်လင်းလင်းနဲ့ ရေးသားပြောဆိုလာတာ တွေ့ရပါတယ်..။

“နားကြပ်ကြီုးလေး ကျစ်ပလိုက်ပြီ နို့မို့ဆို ကိုယ့်ဟာကို သူ့ဟာဆိုပြီး ရုပ်တည်နဲ့ မ မ သွားတာ ၃၂၅ခါရှိပြီ.. အခု လာယူရဲယူကြည့်လေ တွေ့တယ်နော် ကျစ်ထားတဲ့အရောင်ကိုမေး ပန်းရောင်လေး” ဆိုပြီး နန်းဆုက သူ့ရဲ့ အင်စတာဂရမ်မှာ တင်ထားပါတယ်..။

အဲ့ဒီ ပို့စ်ရဲ့ အောက်မှာတော့ G-fatt ကလည်း “ဟာာာ ကြိုက်သွားပြီဟှောင့် မနက်ဖြန် ကျစ်ပေးရမယ် မကျစ်ပေးရင် ပန်းရောင်လဲ ယူမှာပဲ” လို့ပြန်ပြောထားတာ တွေ့ရပါတယ်..။

“ဘာာာ ကျစ်ပေးစရာလား ဆုတောင်းလေ ယူရဲရင်ယူပေါ့ တော်တော်လိုက်မှာပဲ ပန်းရောင်နဲ့ ဟီး..” လို့ နန်းဆုရတီစိုးက ပြန်ပြောထားပြီး G-fatt ကလည်း “ဆရာကို ပြန်ပြောနေပြန်ပြီ အားသွင်းကြိုးရော နားကျပ်ကြိုးရော ကျစ်ပေးရမယ် ဒါ အမိန့်ပဲ” လို့ အပြန်အလှန် ပြောထားတာတွေကို တွေ့ရပါတယ်..။

G-fatt ကလည်း သူ့ရဲ့ အင်စတာဂရမ်မှာ “ကိုယ့်တပည့်တစ်ယောက် သီချင်းသွင်းတုန်းက..” ဆိုပြီး နန်းဆုသီချင်း သွင်းနေတာကို G fatt က ထိုင်ကြည့်နေတဲ့ ပုံလေးကို တင်ထားပါတယ်..။

နန်းဆုရတီစိုးနဲ့ G-fatt တို့ဟာ အနုပညာလောကမှာ ပရိသတ်အားပေးမှုတွေ ရရှိထားတဲ့ အောင်မြင်တဲ့ အနုပညာရှင် အဆိုတော်တွေလည်း ဖြစ်ပါတယ်..။

လတ်တလောမှာတော့ ရှိုးပွဲတွေ ဆက်တိုက် သီဆိုဖျော်ဖြေနေပြီး နန်းဆုကတော့ ဖျော်ဖြေရေးအစီအစဉ်နဲ့ ကော့သောင်း မြို့ကို ရောက်ရှိနေတယ်လို့ သိရပါတယ်..။

Source - G-fatt ၊ နန်းဆု IG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။