သရုပ်ဆောင်/မော်ဒယ် ချော ပိုးကြာဖြူခင်တစ်ယောက် တောင်ငူကိုရောက်ရှိနေပါတယ်။သူမဟာမိုးကောင်းကင်ဇာတ်လမ်းတွဲကိုရိုက်ကူးရန်အတွက် ရိုက်ကူးရေးအဖွဲ့သားများနဲ့အတူရောက်ရှိနေတာပဲဖြစ်ပါတယ်။ မြန်မာဝတ်စုံပန်းရောင်လေးဆင်မြန်းထားတဲ့ သူမဟာရိုးရိုးရှင်းရှင်းလေးနဲ့ မြန်မာဆန်ဆန် ချစ်စရာကောင်းနေပါတယ်။

သူမရဲ့လှုပ်ရှားမှုလေးတွေကိုအမြဲမျှဝေပေးလေ့ရှိတဲ့သူမဟာနိုဝင်ဘာ (၂၆)ရက်နေ့ကလည်း တောင်ငူဘုရားရောက်နေတဲ့ပုံရိပ်လေးတွေကိုပရိသတ်တွေအတွက်ပြန်လည်မျှဝေပေးခဲ့တာဖြစ်ပါတယ်။ သူမရဲ့Fbစာမျက်နှာမှာ “ ပန်းရောင်လေးနဲ့ချစ်သောမမပိုး “ လို့ရေးသားပီးဓာတ်ပုံလေးတွေတင်ခဲ့တာပဲဖြစ်ပါတယ်။ သူမရဲ့အေးချမ်းတည်ငြိမ်ပီးချစ်စရာကောင်းတဲ့ပုံစံတွေကြောင့် ပရိသတ်တွေရဲ့အချစ်ကို အပြည့်အဝရရှိနေသူလေးလဲဖြစ်ပါတယ်။

သူမဟာပီးခဲ့တဲ့ရက်ပိုင်းကမှ Make Me Beautiful အစီအစဉ် ကိုရိုက်ကူးပီးခဲ့တာလည်းဖြစ်ပါတယ်။ မော်လ်ဒယ်လောကမှ သရုပ်ဆောင်ဘက်ကို ကူးပြောင်းလာတဲ့ မင်းသမီးချောလေး ပိုးကြာဖြူခင်ဟာ လတ်တလောမှာလည်း ဇာတ်ကားတွေလည်း အဆက်မပြတ်ရိုက်ကူးနေပြီဖြစ်ပါတယ်။ပရိသတ်ကြီးလည်း ပိုးကြာဖြူခင်ကို အများကြီးအားပေးလိုက်ကြပါအူးနော်

Source : Poe Kyar Phyu Khin  Fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။