သမင်ကိုသတ်ခဲ့သည့်မုဆိုး ကားမှောက်ကာ သမင်ချိုပေါ်ပြုတ်ကျပြီး ချိုကဖောက်ဝင်သွား

မုဆိုးတစ်ဦးသည် သမင်တစ်ကောင်ကို ပစ်သတ်ပြီး ကားပေါ်တင်ကာပြန်လာရာ လမ်းတွင်ကားမှောက်ပြီး သမင်ချိုပေါ်အရှိန်ဖြင့်ကျကာ ချိုက ကျောကိုဖောက်ဝင်သွားပြီး ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။

အသက် ၆၉ နှစ်အရွယ်ရှိ ဂယ်ရီဟီတာသည် အမေရိကန်ပြည်ထောင်စု အော်ရီဂွန်နယ်ရှိ မူရေတောင်တန်းတွင် သမင်ကြီးတစ်ကောင်ကို ပစ်သတ်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် သမင်သေကောင်ကို ကြိုးဖြင့်ဆွဲပြီး ကားနောက်တွင်တန်းလန်းချီထား သယ်လာခဲ့သည်။ လမ်းတွင်ကားမှောက်သောအခါ ၄င်းသည်ကားနောက်ဖက်သို့ အရှိန်ဖြင့်လွင့်ထွက်သွားပြီး သမင်ချိုက ၄င်းကျောထဲ ဝင်သွားခဲ့ရာ ဒဏ်ရာရရှိခဲ့သည်။ သွေးထွက်လွန်ခဲ့သဖြင့် အနီးဆုံးဆေးရုံသို့ တင်ခဲ့ရပြီး ယခုအခြေအနေပြန်လည် ကောင်းမွန်လာပြီဖြစ်ကြောင်း သိရသည်။

Source: Pyi Myanmar

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။