ယနေ့ နိုဝင်ဘာ(၂၇) ရက်နေ့ဟာ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ မော်လ်ဒယ်သရုပ်ဆောင် မင်းသားချောလေး တိုင်ရွှန်ရဲ့ မွေးနေ့ရက်လေး ဖြစ်ပါတယ်..။

Happy Birthday ပါ..

ယနေ့ ကျရောက်တဲ့ မွေးနေ့ရက်လေးမှစ၍ အောင်မြင်တဲ့ အနာဂတ်ဘဝလေးကို ပိုင်ဆိုင်စေဖို့ ပရိသတ်တွေနဲ့ အတူ Myanmar Load မှဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်..။

ပရိသတ်တွေလည်း မင်းသားချောလေး တိုင်ရွှန်အတွက် မွေးနေ့ ဆုတောင်းစကားလေးတွေ ပြောပေးသွားပါဦးနော်..

မင်းသားချောလေး တိုင်ရွှန်ကတော့ ဒီနေ့ မွေးနေ့လေးကိုတော့ သိပ်ပြီး ထွေထွေထူးထူး မလုပ်ဖြစ်ဘူးလို့ ဆိုပါတယ်..။

မိဘ သိတတ်တဲ့ မင်းသားချောလေး တိုင်ရွှန်က “အမေ ဆေးရုံတက်နေလို့ မွေးနေ့ ဘာမှမလုပ်နိုင်ခဲ့ပေမယ့် အမေ့နားရှိနေရတာ ပျော်တယ်..” လို့ သူ့ရဲ့ fb စာမျက်နှာမှာ ရေးသားထားတာ ဖြစ်ပါတယ်..။

မင်းသားချော တိုင်ရွှန်ရဲ့ fb စာမျက်နှာမှာလည်း မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပရိသတ်တွေကလည်း မွေးနေ့ ဆုတောင်းစကားများ ပြောထားတာ တွေ့ရပါတယ်..။

မင်းသားချောလေး တိုင်ရွှန်ကတော့ မွေးနေ့မှာလည်း ရိုက်ကူးရေးတွေနဲ့ အလုပ်ရှုပ်နေတာ ဖြစ်ပြီး “Msg တွေအရမ်းများလို့ reply ခနတော့ စောင့်ပေးကြပါဗျာ စိတ်တွေလည်းမဆိုးကြပါနဲ့ ညနေ ရှုတင်ပြီးတာနဲ့ တခုချင်းပြန်ပေးပါမယ် ခုတော့ရှုတင်သွားနေပါတယ်..” လို့ အလုပ်များနေလို့ Reply မပြန်နိုင်ခဲ့တဲ့ အကြောင်းကိုလည်း ပြောပြထားတာ တွေ့ရပါတယ်..။

မော်လ်ဒယ်လောကမှ သရုပ်ဆောင်လောကကို ကူးပြောင်းလာတဲ့ မင်းသားချောလေး တိုင်ရွှန်ဟာ လက်ရှိမှာလည်း ကြော်ငြာများ ရိုက်ကူးနေပြီး ဇာတ်ကားတွေလည်း ရိုက်ကူးနေပြီ ဖြစ်ပါတယ်..။

လတ်တလောမှာလည်း “မနေ့ဖြစ်သည်” ဇာတ်လမ်းတွဲထဲမှာ ကျောင်းဆရာတစေ်ယာက်အဖြစ် ပါဝင်သရုပ်ဆောင်နေတယ်လို့ သိရပါတယ်..။

Source - တိုင်ရွှန် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။