အဆိုတော် Bobby Soxer (ထက်ထက်) ဟာဆိုရင် အောင်မြင်တဲ့အဆိုတော်တစ်ဦးဖြစ်ပြီး သူမ ကိုအားပေးတဲ့ ပရိတ်သတ်တွေလည်း အများအပြားရှိနေပါတယ်။ သူမဟာ သူမရဲ့ချစ် သူ အဆိုတော် လွှမ်းပိုင်နဲ့ဆိုရင် ချစ်သူသက်တမ်းတော်တော်လေးကြာရှည်နေပြီပဲဖြစ်ပါ တယ်။ နှစ်ယောက်လုံးက အတူတူအောင်မြင်လာကြတဲ့အဆိုတော်တွေဖြစ်ပြီး အပြန်အလှ န်ဂရုစိုက်ကြတဲ့ ချစ်သူတွေပဲဖြစ်ပါ တယ်။ လက်ရှိမှာလဲ နှစ်ယောက်အတူစီးပွားသစ် ချဲ့ ထွင်ပြီး တာမွေမြို့နယ်မှာ High Skool ဆိုတဲ့ အင်္ကျ ီဆိုင်လေးကိုဖွင့်လှစ်ထားတာပဲဖြစ်ပါ တယ်။ ကျားဝတ် မဝတ် အင်္ကျ ီဒီဇိုင်းအလန်းတွေကိုလည်း စုံလင်စွာရရှိနိုင်တယ်လို့သိရ ပါတယ်။

သူမတို့နှစ်ဦးဟာ သီချင်းခွေတွေများစွာထွက်ရှိခဲ့ပြီး ပရိတ်သတ်တွေလက်ခံအားပေးတဲ့ ချစ်သူနှစ်ဦးဖြစ်ကြပါတယ်။ ပျော်စရာကောင်းတဲ့ Relationship လေးကိုပိုင်ဆိုင်ထားပြီး အဆင်ပြေပြေ ဖြတ်သန်းနေတဲ့ Celebrity စုံတွဲတစ်တွဲလဲဖြစ်ပါတယ်။ ချစ်သူသက်တမ်းကြာ လာပြီဖြစ်သော်လည်း လက်ထပ်ဖို့ကိုတော့ သူမအနေနဲ့ မစဉ်းစားသေးဘူးလို့ဆိုပါတယ်။ သူမရဲ့အသက်အရွယ်ကလည်း ငယ်ရွယ်သေးတာအပြင် သူမလုပ်ချင်တဲ့အနုပညာလုပ်ငန်း တွေလည်း ကျန်ရှိနေသေးတာမို့ လက်ထပ်ဖို့ကိုတော့ လတ်တလောမစဉ်းစားသေးဘူးလို့ Interview တစ်ခုမှာဖြေကြားခဲ့ပါတယ်။

အိမ်ထောင်ပြုဖို့အတွက်အဝေးကြီးလိုပါသေးတယ်လို့လည်းသူမကဆိုပါတယ်။ ကိုယ်တိုင်က လည်း အိမ်ထောင်ပြုဖို့အတွက် ငယ်သေးတဲ့အသက်အရွယ်လို့ထင်မြင်ယူဆမိတာကြောင့်လို့ ဆိုပါတယ်။ အချစ်ရေးမှာတော့ အနည်းငယ် Privacy ဆန်တယ်လို့ဆိုပါတယ်။ တစ်ယော က်နဲ့တစ်ယောက်က နားလည်မှုနဲ့တည်ဆောက်ထားတာဖြစ်ပြီး ကျန်တဲ့အပိုကိစ္စတွေကို တော့မစဉ်းစားပါဘူးလို့ဆိုပါတယ်။ သူမအနုပညာလောကထဲ စတင်ဝင်ရောက်လာကတည်း က ယနေ့ထက်ထိအားပေးခဲ့တဲ့ပရိတ်သတ်ကို သူမကကျေးဇူးတင်ပါတယ်လို့ပြောကြားခဲ့ပါ တယ်။

Source – Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။