ရုပ်ရည်ချောမောခန့်ညားပြီး ပရိသတ်တွေရဲ့အားပေးမှုများစွာရရှိထားတဲ့ အနုပညာရှင်တွေထဲမှာ သရုပ်ဆောင်ပိုင်ဇေရဲထွန်းတစ်ယောက်လည်း အပါအဝင်ပါပဲ။

ချစ်စရာကောင်းတဲ့ ဇနီးချောလေးနဲ့ ပြင်ဦးလွင်ဘက် ခရီးထွက်နေတဲ့ ပိုင်ဇေရဲထွန်းဟာ သူ့ရဲ့ ဇနီးဖြစ်သူကို လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် အခုလို တော်ကီလန်းလန်းလေးနဲ့ ချုပ်ထားပါတယ်။

ပိုင်ဇေရဲထွန်းဟာ သားသမီး(၃)ယောက်နဲ့အတူ ပျော်ရွှင်ဖွယ်မိသားစုဘဝလေးဖြတ်သန်းနေတာမို့ ပရိသတ်တွေကြား စိတ်ဝင်စားဝန်းရံခံရတဲ့ အနုပညာရှင်တစ်ယောက်ပါ။

ဇနီးဖြစ်သူကလည်း အပျိုလေးတွေရှု့ံးလောက်အောင် လှနေဆဲဲမို့ မိန်းကလေးပရိသတ်တွေ ကြားနာမည်ကြီးလျက်ရှိပါတယ်။

ပိုင်ဇေရဲထွန်းတစ်ယောက် ဇနီးသည်ကို ဘယ်လိုတော်ကီအလန်းလေးနဲ့ခြွေလိုက်လဲဆိုတော့..

“ဝလုံးလေး တုန်းကလဲ ချစ်တာဘဲအခု. လန်းလန်းလေးဖြစ်သွားတော့လဲ ချစ်တာပေါ့”” ဆိုပြီး ဇနီးသည်ရဲ့ ၀တဲ့ပုံလေးနဲ့ ပိန်တဲ့လက်ရှိပုံလေးနဲ့အတူ ရေးသားထားပါတယ်။

လက်ရှိမှာတော့ သူတို့ဇနီးမောင်နှံဟာ သရုပ်ဆောင်စည်သူမောင်နဲ့ အတူ ပြင်ဦးလွင်ကို ခရီးထွက်နေတယ်လို့သိရပါတယ်။ 

ညားခါစဇနီးမောင်နှံတွေလိုအရမ်းချစ်ကြတဲ့ သူတို့စုံတွဲကိုတော့ ပရိသတ်တိုင်းအားကျမိမှာအမှန်ပါပဲ။ 

Source : PaingZayetun fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။