၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ မှာ ရုပ်ရှင်သစ်ဖြစ်တဲ့ Brothers & Sisters ရဲ့ ဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ သတင်းထောက်တွေ နဲ့ မင်းသမီးချော လေး Yaya အပါအဝင် သရုပ်ဆောင် တွေ ကို အားပေးကြတဲ့ ပရိသတ်တွေ တက်ရောက်ခဲ့ကြပါတယ်။ ဒီပွဲကို တက်ရောက်ဖို့ 2PM အဖွဲ့မှ Nickhun က ကိုရီးယား ကနေ ဘန်ကောက်ကို လေယာဉ်နဲ့ လာခဲ့ပါတယ်။

ရုပ်ရှင်သစ်ဖြစ်တဲ့ Brothers & Sisters ကို နာမည်ကျော် ထုတ်လုပ်ရေး ကုမ္ပဏီ တစ်ခုဖြစ်တဲ့ GDH က ထုတ်လုပ်ဖြန့်ချီမှာပါ။ ဒီဇာတ်ကားလေးကို နာမည်ကျော် မင်းသား Sunny၊ 2PM အဖွဲ့မှ Nickhun နဲ့ ပရိသတ် အချစ်တော် မင်းသမီးချောလေး Yaya တို့ ပါ၀င်သရုပ်ဆောင်မှာပါ။ ရိုက်ကူးမယ့် ဒါရိုက်တာ ကလည်း နာမည်ကျော် ဒါရိုက်တာ Ball Witthaya ဖြစ်ပါတယ်။ မင်းသမီးချောလေး Yaya ရဲ့ ဇာတ်ကား တွေ ကို ကြည့်ရှုဖို့ စောင့်မျှော်နေကြတဲ့ ပရိသတ်တွေ အတွက် သတင်းကောင်းလည်းဖြစ်ပါတယ်။

ရိုက်ကူးမယ့် ဒါရိုက်တာ က နာမည်ကျော် မင်းသား Sunny၊ 2PM အဖွဲ့မှ Nickhun နဲ့ ပရိသတ် အချစ်တော် မင်းသမီးချောလေး Yaya တို့ ကို ရွေးချယ်ရတဲ့ အကြောင်းက တော့ သူတို့ဟာ ဇာတ်ကားမှာ ပါ၀င်မယ့် ဇာတ်ရုပ်နဲ့ လိုက်ဖက်လို့ပါတဲ့။ သူတို့ သုံးယောက် ရဲ့ ချစ်စဖွယ် အိုက်တင်လေးတွေ နဲ့ ပရိသတ် ကို နှုတ်ဆက်ခဲ့တာကို ဒီပွဲမှာ တွေ့မြင်ရမှာပါ။

Source: Thai Entertainment News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။