နာမည်ကျော်အဆိုတော်တစ်ဦးဖြစ်သူ တေးသံရှင်ချမ်းချမ်းဟာ သူမရဲ့အိမ်ထောင်ရေး ပဋိ ပက္ခတွေနဲ့ ပက်သက်လို့လတ်တလောမှာ စိတ်ရှုပ်ထွေးနေတာကြောင့် သူမရဲ့ဖခင် သူမ ရဲ့ချစ်သမီးလေးတို့နဲ့ သုံးယောက်အတူ မိုးကုတ်မြို့ကိုစိတ်အပန်းဖြေခရီးထွက်နေတာပဲဖြစ်ပါ တယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ သူမဟာစိတ်သောကဖြစ်စရာကိစ္စတွေနဲ့ကြုံခဲ့တာကြောင့် အခုလိုစိတ်အပန်းဖြေစရာ အပျော်ခရီးကို ဖခင်နဲ့အတူ သမီးလေးကိုခေါ်ပြီးထွက်ဖြစ်တယ်လို့ ထင်ပါတယ်။ သူမဟာအောင်မြင်တဲ့အဆိုတော် တစ်ဦးဖြစ်ပြီး သူမထွက်ရှိခဲ့တဲ့တေးစီးရီး တွေဟာလည်း ပရိတ်သတ်တွေလက်ခံတဲ့သံစဉ်တွေကြောင့် သူမဟာ နာမည်ရအောင်မြင်တဲ့ အဆိုတော်တစ်ဦးဖြစ်ခဲ့ပါတယ်။ လက်ရှိမှာလည်း အခွေအသစ်ထွက်ဖို့ သူမကကြိုးပန်းနေ တာပဲဖြစ်ပါတယ်။

လွန်ခဲ့တဲ့တစ်နာရီလောက်ကပဲ သူမရဲ့ Facebook Account ကို မသမာသူတစ်ဦးက ဝင်ရော က်ပြီး သူမရဲ့တေးရေးဆရာမဖြစ်တဲ့ ဆရာမမေသော်နဲ့ စကားပြောနေတဲ့ Conversation ထဲ မှာ ဝင်ရောက် ပြောဆိုခဲ့ပါတယ်။ အဆိုပါလူရဲ့အမည်မှာ စိုင်းလင်းလင်းလို့သိရပါတယ်။ ထို သူဟာ တေးရေးဆရာ ဖြစ်ချင်တဲ့ဆန္ဒရှိပြီး ကိုယ်တိုင်ရေးထားတဲ့တေးသီချင်းတစ်ပုဒ်ကို အဆိုတော်ချမ်းချမ်းကို သီဆိုစေချင်တယ်ဆိုတဲ့ စကားတွေကိုဝင်ရောက်ပြောဆိုခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ တောင်းပန်ပါတယ် ဆိုတဲ့စကားတစ်ခွန်းကိုပြောဆိုခဲ့တာကိုလည်းတွေ့ ရပါတယ်။ ယခုလက်ရှိအချိန်ထိ Facebook Account ပြန်ရ မရဆိုတာ သေချာမသိရသေး ပါဘူး။ အကောင့်ထဲကိုဝင်ရောက်နေပေမယ့်လည်း ချမ်းချမ်းရဲ့ Facebook ကို အပိုင်ယူလိုက် ခြင်းမရှိသေးတာကိုလည်းတွေ့ရပါတယ်။

စိတ်ညစ်လို့ကမ်းနားသွားထိုင်နေကာမှ သပွတ်အူနဲ့လာတိုးနေတယ်ဆိုသလို ချမ်းချမ်း အတွက်ကတော့ စိတ်ရှုပ်ထွေးစရာပါပဲ။ ကိုယ်ပိုင်မိသားစုဘဝအတွက်စိတ်ရှုပ်ထွေးနေလို့ ခရီးထွက်လာကာမှ ဒီကိစ္စ ထပ်ဖြစ်တော့ သူမအရမ်းစိတ်ညစ်နေမှာသေချာပါတယ်။ သူမရဲ့ Facebook မှာ ချမ်းချမ်းအနေနဲ့ ကျမရဲ့account ကိုဘာကြောင့် hack ရတာလဲ။ အမ ဘာမှလဲမသုးံတတ်ဘူး သူများဖွင့်ပေးလို့သုံးနေ တာပါ အမဘဝရဲ့ အမှတ်တရပုံတေ မိတ် ဆွေတေရှိလို့ပါ။ မနှောက်ယှက်ကြပါနဲ့။ ကျမတေးရေးမေသော်နဲ့ စကားပြောနေတာကို သူက ကျမaccount ကိုသုးံပြီးတပြိုင်တည်းဝင်ပြောနေတာ ကြည့်ကြပါဦးကျမလဲဘာမှ လုပ် တတ်ဘူး ဆိုပြီးစာတင်ထားတာပဲဖြစ်ပါတယ်။ Account ကို ထိခိုက်သူအနေနဲ့ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒတစ်ခုတည်းကိုပဲဦးစားမပေးပဲ တစ်ဖက်လူဘယ်လိုအခြေအနေရှိတယ်ဆိုတာကို သေချာလေ့လာပြီးမှ ကိုယ့်ဆန္ဒကိုဖော်ထုတ်တာ အဆင်ပြေပါလိမ့်မယ်လို့ပြောပါရစေ။

Source - Chan Mya Nyein's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။