အောင်သူပြီးငုယင်ဗန်ကူရက်လား


အာဆီယံကစားသမားခေါ်ယူမှုစည်းမျဉ်း

ချမှတ်အပြီးမှာထိုင်းလိဂ်ကိုအာဆီယံစူပါစတားတွေ

တဖြုတ်ဖြုတ်ရောက်လာကြတော့မှာပါ။ပထမဆုံးခေါ်ယူမှု

အဖြစ်မြန်မာအသင်းရဲ့စူပါစတားအောင်သူကိုPolice

Teroကခေါ်ယူခဲ့ပါတယ်။ချောင်ဘူရီအသင်းကလည်း

အင်ဒိုကစားသမားအီဗန်ဒီးမတ်ကိုလက်လွတ်လိုက်ရပြီး

ကမ္ဘောဒီးယားကွင်းလာ်လူပိုရော့ကိုလိုက်နေပါတယ်။

အခုသတင်းထွက်လာတဲ့နောက်ဆုံးပေါ်အပြောင်းအရွှေ့ကတော့ငုယင်ဗန်ကူရက်နဲ့ထိုင်းလိဂ်လက်ရှိချန်ပီယံဘူရီယမ်

အသင်းပါ။

ဗီယက်နမ်ကွင်းလယ်လူတစ်ယောက်ကိုဘူရီယမ်

လိုက်နေတယ်ဆိုပြီးသတင်းတွေထွက်နေတာကြာပါပြီ။

တောိတော်များများများကK-Leagueမှာသွားကစား

နေတဲ့လောင်ရှန်ထရောင်းလို့ထင်ကြေးပေးခဲ့ကြပေမယ့်

နောက်ဆုံးသတင်းတက်လာသူငုယင်ဗန်ကူရက်ပါ။

သူကတော့တိုက်စစ်မှူးပါ။


Fox Sportsရဲ့အဆိုအရဗန်ကူရက်ရဲ့ကလပ်အသင်း

ဖြစ်တဲ့ဟနွိုင်းFCနဲ့ဘူရီယမ်အကြိုသဘောတူညီမှု

ရထားပြီလို့တောငိဆိုပါတယ်။ဒါပေမယ့်အပြောင်းအရွှေ့

ဆိုတာအစိုးမရတဲ့မိုးလိုပါပဲ။တကယ်ရောက်လာမှသာ

ရောက်ပြီလို့ဟင်းချနိုင်မှာပါ။ငုယင်ဗန်ကူရက်ဟာနာမည်ကြီး

တိုက်စစ်မှူးလီကောင်ဗင်နဲ့လက်ရွေးစင်အသင်းမှာတွဲဆော့ခဲ့သူုဖြစ်သလိုအခုလက်ရှိမှာလည်းလူငယ်တိုက်စစ်မှူး

ငုယင်ကောင်ဖောင်နဲ့တွဲဆော့နေသူဖြစ်ပါတယ်။

Agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။