နိုဝင်ဘာ(၂၇)ရက်နေ့ဒီနေ့မှာတော့အဆိုတော်အနဂ္ဂနဲ့သံသာဝင်းတု့ိရဲ့ရင်သွေးငယ်လေးကိုကျန်းကျန်းမာမာနဲ့လူလောကကြီးထဲဝင်ခွင့်ပေးလိုက်ပြီပဲဖြစ်ပါတယ်။

နေ့လည်၁၂နာရီ၁၄မိနစ်မှာမွေးဖွားသန့်စင်လိုက်တဲ့ချစ်စရာကောင်းတဲ့တနင်္လာသမီးလေးပဲဖြစ်ပါတယ်။ဖေဖေမေမေတို့ရဲ့ချစ်စရာကောင်းတဲ့သမီးဦးရတနာလေးကိုပန်းလှိုင်ဆေးရုံကြီးမှာအောင်မြင်စွာမွေးဖွားခဲ့တာပဲဖြစ်ပါတယ်။

ပျော်ရွှင်စရာဇနီးမောင်နှံဘဝကနေဖေဖေမေမေအဖြစ်ရာထူးတိုးလာခဲ့အနဂ္ဂနဲ့သံသာဝင်းတို့ဇနီးမောင်နှံနှစ်ယောက်ကတော့အရမ်းကိုပျော်မဆုံးဖြစ်နေတာ့တာပဲဖြစ်ပါတယ်။လက်ရှိမှာတော့မိခင်ရောကလေးပါကျန်းကျန်းမာမာနဲ့ရှိနေပြီးသမီးလေးဟာလဲချစ်စရာအရမ်းကောင်းတဲ့အဖေတူသမီးလေးပါပဲပရိသတ်ကြီးရေ။

ဖေဖေအနဂ္ဂနဲ့မေမေသံသာဝင်းတို့ဟာသူတို့ရဲ့ရင်သွေးငယ်လောင်းလေးဖြစ်တဲ့ကိုယ်ဝန်လေးလွယ်ထားရတဲ့အချိန်ကစပြီးဂရုတစိုက်နဲ့စောင့်ရှောက်မှုတွေပြုလုပ်ခဲ့ကြတာပဲဖြစ်ပါတယ်။

အစားအသောက်အနေအထိုင်အားလုံးကိုဂရုတစိုက်နေထိုင်ခဲ့ကြအပြင်မိခင်ဖခင်လောင်းတိုင်းသိသင့်တဲ့ဗဟုသုတတွေဝေမျှပေးတဲ့Workshopလေးတွေလဲသွားရောက်တက်ခဲ့ကြတာပဲဖြစ်ပါတယ်။

သမီးလေးကိုယ်ဝန်စလွယ်ထားစဉ်အချိန်ထဲကအရာအားလုံးကလေးလေးအတွက်ပဲစဉ်းစားကြကာဘယ်နေရာရောက်ရောက်ကလေးအသုံးဆောင်ပစ္စည်းလေးပဲကြိုတင်ဝယ်ဖြစ်ကြတယ်လို့ဆိုပါတယ်။သူတို့အရမ်းကိုမျှော်လင့်ချက်ကြီးမားစွာပြုစုစောင့်ရှောက်ခဲ့တဲ့ရင်သွေးလေးဟာတော့ဒီနေ့မှာကျန်းကျန်းမာမာနဲ့မွေးဖွားလာခဲ့ပြီပဲဖြစ်ပါတယ်။

မေမေသံသာဝင်းဟာရင်သွေးလေးစလွယ်ထားရတဲ့အချိန်ကစပြီးနေ့ရက်လေးတွေကိုရေတွက်ကာမွေးဖွားမယ့်နေကိုစောင့်မျှော်နေခဲ့တာပဲဖြစ်ပါတယ်။

ဒီနေ့အောင်မြင်စွာမွေးဖွားခဲ့ပြီးတဲ့အချိန်မှာလဲသူမရဲ့လူမှုကွန်ယက်ကနေ "A  very Beautiful &BlessedMonday!27.11.2017(Monday)12:14PMသမီးလေးအားကျန်းမာစွာမွေးဖွားခွင့်ကိုပေးတော်မူသော အဖဘုရားသခင်၏ဂုဏ်တော်အားအထူးချီးမွမ်းပါတယ်.

ThankyouAlmightyGodအောင်မြင်စွာဖြင့်ဂရုတစိုက်ခွဲစိတ်မွေးဖွားပေးခဲ့ပါသော[email protected]နှင့်အဖွဲ့သားများ,[email protected],အထူးဂရုစိုက်စောင့်ရှောက်ပေးကြပါသော ပန်းလှိုင်ဆေးရုံကြီးမှ Dr. ရဲမိုးမြင့် နှင့် ဇနီး မသီတာစိုး, မသက်@ Dr. ThetThetKhine,တာဝန်ကျဆရာဆရာမများနှင့်ဝန်ထမ်းများအားလုံးကိုလှိုက်လှိုက်လဲလဲအထူးကျေးဇူးတင်ရှိပါတယ်လို့ရေးသားမျှဝေခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်တွေရဲ့ဂုဏ်ပြုစကားသံလေးတွေနဲ့အတူသူတို့ရဲ့ဘဝထဲသမီးဦးရတနာလေးစတင်ဝင်ရောက်ခဲ့တဲ့ဒီနေ့လေးဟာလဲသူတို့ရဲ့ဘဝမှာတကယ်ကိုအမှတ်တရဖြစ်ဖွယ်နေ့လေးတစ်နေ့အဖြစ်ထင်ကျန်နေတော့မှာပဲဖြစ်ပါတယ်။

သတင်းအရင်းအမြစ် - သံသာဝင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။