ကိုရီးယားနိုင်ငံရဲ့ အဓိကစီးပွားရေးလုပ်ငန်းတွေထဲမှာ Entertainment လုပ်ငန်းကလည်း တစ်ခုအပါအဝင်ပါ ။

ကိုရီးယား ရဲ့ အနုပညာရိုက်ခတ်မှုဟာဆိုရင် ကမ္ဘာတစ်ဝှမ်းလုံးထိ ပျံနှံလျှက်ရှိပါတယ် ။ အာရှနိုင်ငံတွေမှာ Kpop ရဲ့ အမာခံ Fan တွေရှိနေသလို Kdrama တွေဟာလည်း ထွက်တိုင်း စောင့်ကြည့်မယ့် ပရိတ်သတ်တွေ တစ်ပုံတစ်ပင်နဲ့ပါ ။ အနောက်နိုင်ငံသားတွေထဲမှာလည်း Fan တွေရှိပါတယ် ။ ဟောလိ၀ုဒ်က နာမည်ကျော် ဟာသမင်းသားကြီး Will Smith ရဲ့ သားKarate Kid ရဲ့ ဇာတ်ဆောင်မင်းသား Jordan Smith ကတောင် Kpop Idol ဖြစ်ချင်တယ်လို့ ထုတ်ဖော်ပြောကြားတဲ့ထိပါပဲ ။

ဒီလို အောင်မြင်တဲ့ကိုရီးယားရဲ့ အနုပညာလောကမှာ အနုပညာကြေးတွေကလည်း မြင့်မားနေလိမ့်မယ်ဆိုတာ အံ့သြစရာမရှိပါဘူး ။ ဒီတော့ သူတို့ကိုရီးယားအနုပညာလောက ကအနုပညာကြေးအများဆုံးရရှိတဲ့ မင်းသားတွေက ဘယ်သူတွေလဲ ... ဘယ်လောက်တွေတောင် ရကြမလဲ ဆိုတာ စိတ်ဝင်စားစရာမို့ စုစည်းဖော်ပြပေးလိုက်ပါတယ်နော် ။ 

1. KIM SOO HYUN - Drama အပိုင်းတစ်ပိုင်းကို $83,900 ( မြန်မာငွေ သိန်း ၁၁၀၀ ၀န်းကျင် )

2. HYUN BIN - Drama အပိုင်းတစ်ပိုင်းကို $83,900 ( မြန်မာငွေ သိန်း ၁၁၀၀ ၀န်းကျင် )

3. JO IN SUNG - Drama အပိုင်းတစ်ပိုင်းကို $67,100 ( မြန်မာငွေ သိန်း ၈၇၀ ၀န်းကျင် )

4. SO JI UB - Drama အပိုင်းတစ်ပိုင်းကို $67,100 ( မြန်မာငွေ သိန်း ၈၇၀ ၀န်းကျင် ) 

5. LEE MIN HO - Drama အပိုင်းတစ်ပိုင်းကို $58,700 ( မြန်မာငွေ သိန်း ရ၆၀ ၀န်းကျင် )

6. LEE SEUNG GI - Drama အပိုင်းတစ်ပိုင်းကို $58,700 ( မြန်မာငွေ သိန်း ရ၆၀ ၀န်းကျင် )

7. YOO AH IN - Drama အပိုင်းတစ်ပိုင်းကို $58,700 ( မြန်မာငွေ သိန်း ရ၆၀ ၀န်းကျင် )

8. SONG JOONG KI - Drama အပိုင်းတစ်ပိုင်းကို $50,300 ( မြန်မာငွေ သိန်း ၆၅၀ ၀န်းကျင် )

9. LEE JONG SUK - Drama အပိုင်းတစ်ပိုင်းကို $50,300 ( မြန်မာငွေ သိန်း ၆၅၀ ၀န်းကျင် )

10. JI CHANG WOOK - Drama အပိုင်းတစ်ပိုင်းကို $ 42,000 ( မြန်မာငွေ သိန်း ၅၅၀ ၀န်းကျင် )

ဒီလောက်မြင့်မားတယ်ဆိုတဲ့ အနုပညာကြေးတွေဟာ သူတို့ကိုအားပေးတဲ့ ကမ္ဘာတစ်ဝှမ်းက ပရိတ်သတ်တွေဆီကရရှိတဲ့ငွေကြေးထဲက တစ်စွန်းတစ်စပဲရှိပါတယ် ။

တစ်ကယ်တမ်း ကိုရီးယားရဲ့ အနုပညာလောကကြီးတစ်ခုလုံးမှာ လည်ပါတ်နေတဲ့ငွေကြေးတွေဟာ ဘယ်လောက်တောင် Amount များနေလိမ့်မလဲဆိုတာ

တွေးကြည့်ရင် ... Korea Entertainment ဟာ သူတို့နိုင်ငံရဲ့ ပင်မစီးပွားရေးတစ်ခုဖြစ်နေတာ အံ့သြစရာမရှိတော့ပါဘူးနော် ... 

သတင်းအရင်းမြစ် kstar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။