မိုရီဆာကီဝင်းကို အဝင်းလို့ ချစ်စနိုးခေါ်ကြသလိုပဲ မြန်မာက အနုပညာရှင်တွေထဲက မော်ဒယ်တိုင်ရွန် ကိုလည်း သူ့ပရိတ်သတ်တွေက အဝင်း လို့ ချစ်စနိုးခေါ်ကြတာပါ ။

မြန်မာပြည်က အဝင်းကတော့ နို၀င်ဘာ၂၇ ရက်နေ့ဟာ သူ့မွေးနေ့ဖြစ်ပေမယ့် တိုက်တိုက်ဆိုင်ဆိုင်ပဲ မိခင်ဖြစ်သူက ဆေးရုံတက်နေရတာမို့ ဘာမှမလုပ်ဖြစ်ဘူးလို့ ဆိုထားပါတယ် ။ မိဘတွေနဲ့ပါတ်သတ်ပြီး အတွေးတစ်ခုဝင်လာတာမို့ အရမ်းကြောက်မိတဲ့ အကြောင်းကို အဝင်းက အောက်ပါအတိုင်းပြောထားပါသေးတယ် ။ 

" ၂:၃၀ လောက်တရေးနိုးကြီးဖုန်းဝင်လာတယ် mom တဲ့ အရမ်းစိတ်ပူသွားတယ်ဆေးရုံမှာ ဘာဖစ်လဲပေါ့ ကျွန်တောဒီနေ့အိ်မ်ပြန်အိပ်တယ်လေ အာနဲ့ အမေဘာဖြစ်လို့လဲဆိုတော့ သားအိမ်ပြန်ရောက်ပိီလားတဲ့ မွေးနေ့ဘာမှမလုပ်ပေးနိုင်တာစိတ်မကောင်းဘူးတဲ့ နေမကောင်းဆေးရုံတက်နေရရင်း သူ့လည်ပင်းခွဲထားတဲ့အသံနဲ့ ကျွန်တော်အရမ်း ဝမ်းနည်းသွားတယ် ရုတ်တရက်အရမ်းလည်းကြောက်မိသွားတယ် ကျွန်တော်တို့ဟာမိဘကို အနားမှာရှိနေလို့ သိပ်ဂရူမစိုက်တန်ဖိုးမထားမိကြဘူး တကယ်တော့သူတို့အသက်တွေဟာကြီးပါပီ မနက်ဖန်တိုင်းဟာ ထိတ်လန့်စရာပါဘဲ လူတစ်ယောက် သက်တမ်းဟာပျမ်းမျှ ရ၀ ထားပါ သူတို့ အသက်နဲ့ နုတ်လိုက်ရင် အများကြီး မကျန်တော့ပါဘူး တစ်နေ့ ခွဲခွာကြရမှာပါ တနေ့ငိုကြွေးကြရမှာပါ ကျွန်တော် သိလိုက်ပါပီ မိဘဆိုတာရှိနေတုန်း ဂရုစိုက်ရမယ်ဆိုတာကို ကျွန်တော် အရမ်းကြောက်ပါတယ် ဒီနေ့ကစပြီး မိဘပေါ်တာဝန်ကျေတဲ့ သားတစ်ယောက်ဖြစ်အောင်ကြိုးစားပါတော့မယ်

တိုင်ရွန် မနက် ၃:၀၀ ဒီစာကိုထရေးသည်......" ဆိုပြီး မအိပ်ဘဲ Social media မှာ ထရေးခဲ့တာပါ ။ 

သူပြောတာတကယ်မှန်ပါတယ် ။ ကိုယ့်မိဘတွေရှိတုန်းမှာ ဂရုစိုက်ကြဖို့ တပ်လှန့်ပေးလိုက်သလိုပါပဲ ။

မွေးနေ့မှာ အမေ့ကိုဂရုစိုက်ပေးနေရလို့ ဘာမှမလုပ်ဖြစ်ပေမယ့်လည်း ပရိတ်သတ်တွေက မွေးနေ့ဝိုင်းဆုတောင်းပေးနေကြပြီး အဝင်းရဲ့ အမေကို လည်း အမြန်ပြန်ကျန်းမာပါစေလို့ ဆုတောင်းပေးနေကြတာကိုလည်း တွေ့ရှိရပါတယ် ။  

သတင်းအရင်းမြစ် yron Bejay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။