အဆိုတော်ခင်ဘုဏ်းတို့ သူငယ်ချင်းတွေကတော့ ခရီးထွက်နေကြပါတယ်တဲ့ ။ ဒီရက်ပိုင်းမှာ ရာသီဥတုက မိုးရွာလိုက်နေပူလိုက်ဖြစ်နေပေမယ့်

သူတို့ခရီးထွက်တဲ့နေ့လေးမှာတော့ ရာသီဥတု သာယာတယ်ဆိုရမှာပါပဲ ။ 

တိမ်ပြာပြာကောင်းကင်ကြီးအောက်မှာ အစွမ်းကုန်လှနေတဲ့ ခရီးသွားအမှတ်တရ ပုံရိပ်လေးတွေ ရလာခဲ့ကြတာပါ ။ ထိုပုံရိပ်လေးတွေကို ခင်ဘုဏ်းက သူ့ရဲ့ လူမှုကွန်ယက်ကနေ ပရိတ်သတ်ကိုမျှဝေထားလေရဲ့ ...

ပုံတွေထဲမှာတော့ ခင်ဘုဏ်းနဲ့အတူ အဆိုတော် ရေဘက္ကာဝင်း ၊ မေစံပါယ်ညို ၊ ယုဇနတို့ကို ပါတွေ့ရမှာပါ ။ အဖွဲ့လိုက်ကြီး ပျော်ရွှင်စွာအပန်းဖြေနေကြလေရဲ့ ။ အားကျစရာကြီးနော် ပရိတ်သတ်ကြီးရေ ... 

သတင်းအရင်းမြစ် Khin Bone

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။