ပုံထဲကမင်းသားက ဘယ်သူလဲ သိကြလား ?

ရှေးတုန်းက တရုတ်ကားတွေမှာ ရုပ်ပြောင်းရုပ်လွှဲပညာ ဆိုတာတွေ ခဏခဏပါတယ်ဟုတ် ။

အဲဒါက ခုခေတ်မှာတော့ မိတ်ကပ်ပညာရဲ့ အစွမ်းနဲ့ တကယ်ကို ဖြစ်လာခဲ့ပါပြီ ။ ဒါရိုက်တာကိုဇော်အာရုံဦးရိုက်တဲ့ရုပ်ရှင်ဇာတ်ကားကြီး မှာ

ရုပ်ရှင်အထူးပြုလုပ်ချက်မိတ်ကပ်ဆရာမလေး Bun Bun က မင်းမော်ကွန်းကို တရုတ်အဘိုးကြီးပုံစံ ပြောင်းလဲပေးထားခဲ့ပါတယ် ။  

" ဒါရိုက်တာကိုဇော်အာရုံဦးရိုက်တဲ့ရုပ်ရှင်ဇာတ်ကားကြီးပါရှင်

အကယ်ဒမီ ကိုမင်းမော်ကွန်းကို တရုတ်အဖိုးကြီးပုံစံ

ရုပ်ပြောင်းရုပ်လွှဲမျက်နှာတခုလုံးကိုပြင်ပေးထားပါတယ်ရှင် Bunလိုအပ်ချက်တွေရှိသေးပေမယ့် အများကြီးကြိုးစားထားလို့ နားလည်ပေးပါလို့နော် နောက်ထပ်ရုံတင်မယ့်ကားတွေမှာလဲဘန်လိုအပ်ချက်တွေနည်းအောင်ကြိုးစားထားပါတယ်လို့ ပြီးတော့ ဘန်စိတ်တိုင်းကျပြင်ခွင့်ပေးတယ် ကိုကျော်(ကိုမင်းမော်ကွန်း)ကိုလဲကျေးဇူးတင်ပါတယါရှင်စိတ်တိုင်းကျပြင်ခွင့်ပေးလို့ ကျေးဇူးတင်ပါတယ်ရှင် " လို့ သူမက ဆိုပြီး ပြင်ဆင်နေတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးထားခဲ့တာပါ ။ 

ပြင်ဆင်နေတဲ့ပုံသာမမြင်ရရင် တကယ့်ကို မင်းမော်ကွန်းလို့ မထင်လောက်အောင် လက်ရာကောင်းမွန်တဲ့ မိတ်ကပ်အထူးပြုလုပ်ချက်နဲ့ မင်းသား ရုပ်ပြောင်းရုပ်လွဲပြီးသား ပုံလေးတွေကို ကြည့်ကြည့်ကြပါဦး ပရိတ်သတ်ကြီးရေ ... ဒီတိုင်းအပြင်မှာတွေ့ရင် မှတ်မိနိုင်မှာလားလို့ ?

သတင်းအရင်းမြစ် Make Up Bun Bun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။