စိုးမြတ်နန္ဒာတို့ ညီအမတွေကတော့ အနုပညာလောကထဲ အကြီးဆုံး အနုပညာမိသားစုကြီးလို့ ဆိုရမှာပါ ။ ညီအမ အရင်းတွေတင်မကဘဲ ၀မ်းကွဲတွေကပါ အနုပညာလောကထဲ အောင်မြင်နေကြပါတယ် ။ စိုးမြတ်သူဇာ စိုးမြတ်နန္ဒာတို့ ညီအမတွေကတော့ အနုပညာမှာ ၀ါရင့်သရုပ်ဆောင်တွေဖြစ်နေကြပါပြီ ။ သူတို့မိသားစုလေးရဲ့ အိမ်ထောင်ဦးစီး ဖခင်ကြီးက အသက် ရ၈ နှစ် ရှိနေပေမယ့် ကျန်းကျန်းမာမာနေထိုင်နေဆဲပါ ။ 

ယခု နို၀င်ဘာလ ၂၈ ရက်နေ့မှာကျရောက်မယ့် ဖခင်ဖြစ်သူရဲ့ ရ၈ နှစ် ပြည့်မွေးနေ့လေးအတွက် မိသားစုလိုက် ပျော်ပျော်ရွှင်ရွှင် ရွှေတိဂုံဘုရားမှာ ဆီမီးပူဇော်ကြတယ်လို့ သိရပါတယ် ။ 

" နက်ဖြန် ဖေဖေ့ မွေးနေ့ မို့ ဘုရားဆီမီးပူဇော်ကြတယ်...

၇၈ နှစ် ပြည့်ပေမဲ့ ကျန်းမာနေသေးတဲ့ ဖေဖေ ... ဇနီး သားသမီး မြေး မြစ်တွေနဲ့ သက်ရှည်ကျန်းမာစွာနေရပါစေ..." လို့ စိုးမြတ်နန္ဒာက ဆုတောင်းပေးထားတာပါ ။

ပုံတွေထဲမှာတော့ ပျော်ရွှင်နေတဲ့ မိသားစုပုံရိပ်လေးတွေကို တွေ့ရှိရမှာဖြစ်ပါတယ် ။ သူတို့ရဲ့ ပုံလေးတွေကတစ်ဆင့် ပျော်ရွှင်မှုလေးတွေ မျှဝေယူလိုက်ကြရအောင်နော် ...

သတင်းအရင်းမြစ် Soe myat nandar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။