သရဲကြောက်လို့အရမ်းကြောက်ဖို့ကောင်းတဲ့ သရဲကားတွေဆို ရှောင်တယ်လို့ဆိုတဲ့ မင်းသမီးလေးက

တကယ်သရဲခြောက်ခံရဖူးတဲ့ အတွေ့အကြုံရှိတယ်လို့ ဆိုပါတယ် ။ Popular Journal ရဲ့ အင်တာဗျူးတစ်ရပ်မှာ

သူမရဲ့ သရဲခြောက်ခံရတဲ့ အတွေ့အကြံုကို ပြောပြထားရာမှာတော့ ...

" အသံတော့ ကြားဖူးတာတော့ ရှိတယ် ။ အသံဆိုတာ သရဲလို အသံတော့မဟုတ်ဘူး ။ ဘယ်သူမှမရှိဘဲ ငြိမ်နေရင်းကနေ ရေသန့်ဘူး ရိုက်ချတာလိုမျိုး ။

အဲဒါကလည်း ထူးခြားပါတယ် ။ ညီမ ပြင်ဦးလွင်မှာ ဇာတ်ကားရိုက်ကူးရအောင် သွားနေတဲ့အချိန် အမေနဲ့ ပဠာန်းရွတ်နေရင်းနဲ့ အမြဲတမ်းအသံတွေက ကျယ်ကျယ်လာတယ်လေ ။ အဲဒီမှာ ဟိုတယ်နာမည်တော့မပြောတော့ပါဘူး ။ ဟိုတယ်ရဲ့ရေချိုးခန်းထဲကနေ ရေသန့်ဘူးတစ်ဘူးက ရိုက်ချလိုက်သလိုမျိုးပေါ့နော် ။ အကျယ်ကြီးပဲ လုံးဝကြားလိုက်ရတာ ။ အဲဒါနဲ့ သားအမိနှစ်ယောက်သွားကြည့်တော့ ရေဘူးက လေလဲမတိုက်ဘူး ။ ပြီးတော့ အစပ်မှာ တင်ထားတာမဟုတ်ဘူး ။ အလယ်လောက်မှာတင်ထားတာဆိုတော့ လွတ်လွတ်ကျွတ်ကျွတ်ကြီးပေါ့နော် ။ 

အဲလိုဖြစ်ဖူးတယ် ။ ဒါပေမယ့် ညီမ အရင်က သရဲကားပုံစံမျိုးတွေ တစ်ကားနှစ်ကားရိုက်ဖူးတယ် ။ အဲဒီတုန်းကတော့ သချိုင်းတွေဘာတွေမှာရိုက်တာတောင် ကြောက်လန့်တာမျိုးတွေမရှိပါဘူး ။ မရိုက်ကူးခင် မေတ္တာတွေပို့ပေးတော့ ဘာမှတော့မဖြစ်ဘူး ။ အသံလေးကြားဖူးတာတော့ အဲဒီတစ်ခါတော့ ကြံုဖူးပါတယ် ။ " လို့ သူမက ဆိုထားတာပါ ။

ပရိတ်သတ်တို့မှာရော သွန်းဆက်လိုမျိုး သရဲခြောက်ခံရတဲ့ အတွေ့အကြံုတွေ ရှိရင် ပြောပြသွားကြပါဦး ပရိတ်သတ်တို့ရေ ... 

သတင်းအရင်းမြစ် Popular Journal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။