အာဆင်နယ်ကစားသမား အိုဇေးက မကြာခင်အသင်းနှင့် စာချုပ်ကုန်တော့မှာပ။ အိုဇေးအနေဖြင့် အောင်မြင်မှုတွေ ပျောက်ဆုံးနေတဲ့ အာဆင်နယ်မှာမပျော်ပုံရပါတယ်။ ဒါ့ကြောင့် အသင်းကြီးအချို့က အိုဇေးကိုခေါ်ဖို့ စိတ်ဝင်စားနေပါတယ်။ အဆိုပါ အသင်းတွေထဲမှာ မန်ယူ၊ ဘာစီလိုနာ နှင့် ရီးရဲမက်ဒရစ်တို့ ပါ၀င်ပါတယ်။ 

ဒီရက်ပိုင်းမှာ ဘာစီလိုနာအသင်းဟာ အာဆင်နယ်နဲ့စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် မီစွတ်အိုဇေးကို ယူရိုသန်း ၂၀နဲ့ ဇန်နဝါရီ်အပြောင်းအရွေ့မှာခေါ်ယူဖို့ပြင်ဆင်နေပြီဆိုတဲ့သတင်းတွေအတော်လေး ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့တာပါ။ သို့သော် ရီးရဲယ်မက်ဒရစ်စတားဆာဂျီယိုရာမို့စ်ကအာဆင်နယ်နဲ့စာချုပ်သက်တမ်းတိုးဖို့အဆင်မပြေဖြစ်နေတဲ့မီဆွတ်အိုဇေးအနေနဲ့ပြိုင်ဘက်ဘာစီလိုနာအသင်းကိုလာမည့်ဇန်နဝါရီမှာငြင်းပယ်ရန်တိုက်တွန်းလိုက်ပါတယ်။

စပိန်ကလာတဲ့သတင်းများအရရာမို့စ်ဟာ၎င်းရဲ့ရီးရဲယ်အသင်းဖော်ဟောင်းဖြစ်ခဲ့တဲ့ဂျာမန်စတားအိုဇေးကိုနူးကမ့်ကိုပြောင်းရွေ့မယ့်ကိစ္စပယ်ချသွားရန်ဖုန်းဆက်ကာပြောသွားခဲ့တယ်လို့ သတင်းထွက်ခဲ့တာပါ။ ရီးရဲယ်ကိုဂါရက်ဘေးရောက်လာပြီးနောက်အိုဇေးဟာအာဆင်နယ်ကိုပြောင်းလာခဲ့ပေမယ့်လည်းဘာနေဗျူးကခြေစွမ်းကိုမမှီတော့ဘဲအထူးသဖြင်းပွဲကြီးတွေမှာခြေစွမ်းပြဖို့ရုန်းကန်ခဲ့ရပါတယ်။ အိုဇေးဟာအာဆင်နယ်နဲ့ရာသီကုန်မှာစာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီးစာချုပ်သစ်ကိစ္စကလည်းအဆင်ပြေချောမွေ့မှုမရှိတာကြောင့်ဂန်းနားတို့ဟာဂျာမန်လက်ရွေးစင်ကိုအလွတ်ပြောင်းရွေ့ကြေးနဲ့လက်မလွှတ်လိုတာကြောင့်လာမည့်ဇန်နဝါရီမှာရောင်းထုတ်ဖို့ပြင်ဆင်နေပြီး သင့်တော်တဲ့စျေးသာရမယ်ဆိုရင်ရောင်းချသွားဖို့ရှိနေပါတယ်။

Source – Mirror 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။