တနင်္ဂနွေညကတော့ ပရီးမီးယားလိဂ်ပွဲစဉ်များ ကစားခဲ့ကြပါတယ်။ ပရီးမီးယားလိဂ်၏ဇယားထိပ်ဆုံးမှာ ရပ်တည်နေတာကတော့ မန်စီးတီးပါ။ မန်စီးတီးက အမှတ်ပေးဖလား ရှုံးပွဲမရှိသေးပါဘူး။ ယမန်နေ့ညမှာတော့ မန်စီးတီးက ဟက်ဒါဖီးလ်နင့် ကစားခဲ့ရပါတယ်။ ဒီပွဲမှာ ဦးဆောင်ဂိုး ရရှိခဲ့တာကတော့ ဟက်ဒါဖီးအသင်းဖြစ်ပါတယ်။ 

ပွဲချိန် ၄၅မှာ ဟက်ဒါဖီးအသင်းရရှိတဲ့ ထောင့်ကန်ဘောကို မန်စီးတီးနောက်ခံလူ အော်တာမန်ဒီဖျက်ရကနေ ကိုယ့်ဂီုးကိုယ်သွင်းမိကာ ဟက်ဒါဖီးတို့ ဂီုးရခဲ့တာပါ။ သို့သော် ပွဲချိန် ၄၇မှာ စတာလင်ကို ဟက်ဒါဖီးနောက်ခံလူတွေ ပင်နယ်တီအေရိယာမှာတွန်းလှဲခဲ့တာကြောင့် မန်စီးတီးပင်နယ်တီရခဲ့ပါတယ်။ အဆိုပါ ပင်နယ်တီကို အဂူရိုက ချေပဂိုးအဖြစ်ပြောင်းခဲ့ပါတယ်။ ပွဲချိန် ၈၄မိနစ်မှာ စတာလင်က မန်စီးတီးအတွက် နောက်ကျ အနိုင်ဂိုးကိုသွင်းခဲ့ပါတယ်။ ဒါ့ကြောင့် ပွဲအပြီးမှာ မန်စီးတီးက ၂-၁ ဂိုးဖြင့် ဟက်ဒါဖီးကိုနိုင်ခဲ့ပါတယ်။ 

ပွဲအပြီးမှာတော့ စတာလင်က မန်ချက်စတာစီးတီးအသင်းဟာယခုနှစ်ပရီးမီးယားလိဂ်မှာ `Killers´ တွေဖြစ်လာခဲ့ပြီလို့ပြောလိုက်ပါတယ်။ ပက်ဂွာဒီယိုလာရဲ့စီးတီးဟာဒီရာသီပရီးမီးယားလိဂ်၁၃ပွဲမှာ၂မှတ်သာဆုံးရှုံးထားပြီးပုံစံကောင်းရရှိနေကာဒုတိယနေရာကမော်ရင်ညိုရဲ့ယူနိုက်တက်ကို၈မှတ်ဖြတ်ထားနိုင်ပါတယ်။ စတာလင်း ကရာသီအသင်းရဲ့စိတ်ဓာတ် လုပ်အားနှုန်းတွေကနေကျွန်တော်တို့အသင်းဟာ `Killers´ တွေဖြစ်အောင်ကြိုးစားခဲ့ပြီးဒါကိုဟယ်ဒါဖီးနဲ့ဒုတိယပိုင်းမှာပြသနိုင်ခဲ့ပါတယ်။ ဒါဟာစီးတီးအသင်းသားတွေရဲ့ကောင်းမွန်တဲ့လက္ခဏာပါ။ ပထမပိုင်းအပြီးမှာကျွန်တော်တို့အားလုံးအဝတ်လဲခန်းထဲမှာစိတ်ပျက်နေခဲ့ကြပြီးကစားသမားအားလုံးဒုတိယပိုင်းအတွက်အသင့်ဖြစ်နေခဲ့ကြပါတယ်။ ကျွန်တော်တို့ခေါင်းငုံ့ထားစရာအကြောင်းမရှိပါဘူး။ အားလုံးဟာအောင်မြင်မှုတွေဆီချီတက်ဖို့အဆင်သင့်ဖြစ်နေကြပါတယ်။” လို့ပြောသွားပါတယ်။

Source – Mirror  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။