စစ်ဘေးရှောင် ဆဋ္ဌမတန်းကျောင်းသူကို ကျောင်းထိုင်ဆရာတော်က အဓမ္မပြုကျင့်

ကရင်ပြည်နယ် မြဝတီ မြို့နယ် ပွင့်လင်းအေးမြိုင်ကျေး ရွာရှိ ပုညရှင်ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်က စစ်ဘေးရှောင် အသက်(၁၃)နှစ်အရွယ် ဆဋ္ဌမတန်းကျောင်းသူတစ်ဦးကို သားမယားပြုကျင့်ခဲ့ရာ အမှုဖွင့်ထားကြောင်း သတင်းရရှိ သည်။

သားမယားပြုကျင့်ခဲ့သည့် (၃၆)နှစ်အရွယ်ရှိ ပုညရှင်ကျောင်းထိုင်ဆရာတော် အရှင်ပုညတေဋ္ဌ (ခ) မိုးကျော်သူကို အောက်တိုဘာ ၄ ရက်တွင် သင်္ဃန်းညီနောင်ရဲစခန်းက ဖမ်းဆီးထားပြီး တရားရုံးတွင် အမှုရင်ဆိုင်စစ်ဆေးနေသည့် အမှုဖြစ်ကြောင်း တရားလိုရှေ့နေ ဦးမျိုးအောင်ကပြောသည်။

‘‘ကလေးမလေးက ပလောင်တိုင်းရင်းသူပါ။ ရှမ်းပြည်ကနေ စစ်ဘေးရှောင်ပြီး ဘုန်းကြီးကျောင်း ကိုရောက်လာတာပါ။ ရှစ်လပိုင်း ၂၇ ရက်မှာ ဘုန်းကြီးက ခေါ်နှိပ် ခိုင်းပြီး အခန်းထဲမှာသားမယားပြု ကျင့်တယ်။ ဆေးစစ်စာမှာလည်း သားမယားပြုကျင့်ခံရတာ ဟုတ် မှန်တယ်ဆိုတဲ့အကြောင်း ဆေး စာရပါတယ်’’ဟု ၎င်းကပြော သည်။

ဆေးစစ်စာရရှိခဲ့ပြီးနောက် ခလရ(၂၇၅) အမကကျောင်းမှ ဒေါ်သင်းသင်းစံက တရားလိုပြု လုပ်ကာ သင်္ဃန်းညီနောင်ရဲစခန်း တွင် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း လိုက်ပါကူညီ ဆောင်ရွက်နေသူ မနွယ်နွယ်ကပြောသည်။

‘‘အမှုရင်ဆိုင်နေရတဲ့ တရား လိုပြသက်သေတွေကို ရပ်ကွက် က ခြိမ်းခြောက်သူတချို့ရှိတယ်။ ဘုန်းကြီးကျောင်းမှာ နေပြီး ကျောင်းတက်နေတဲ့ ကလေးခုနစ် ယောက်မှာ ငါးယောက်ကို ဒီနေ့ အထိ ကျောင်းပေးမတက်တော့ ဘူး။ ကလေးနဲ့ မျက်မြင်သက်သေ တစ်ဦးကတော့ ကျောင်းအုပ်ဆရာမကြီးက ခေါ်ထားပါတယ်’’ ဟု မနွယ်နွယ်ကပြောသည်။

သားမယားပြုကျင့်ခံရပြီး နောက် ယင်းမိန်းကလေးငယ်ကို ဘုန်းကြီးကျောင်းတွင် မထားတော့ဘဲ ခလရ(၂၇၅) အမက ကျောင်းသို့ပို့ဆောင်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးနှင့် ရပ်ကွက်ပြည်သူများက မေးမြန်းရာမှ သားမယားပြုကျင့်ခံရမှု ပေါ်ပေါက် လာခြင်းဖြစ်သည်။

Source: Local Daily News

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။