ဖိလစ်ပိုင်ကွင်းလယ်လူနဲ့ချိတ်နေတဲ့ပတ္တယားယူနိုက်တက်

ထိုင်းပရီးမီးယားလိဂ်ဆယ့်ရှစ်သင်းမှာပတ္တယားယူနိုက်ဟာ

နိုင်ငံခြားသားပရိသတ်အများဆုံးပါ။ပတ္တယားဒေသမှာ

အခြေချနေထိုင်ကြတဲ့နိုင်ငံခြားတွေများတာကြောင့်ဖြစ်နိုင်ပါတယ်။ငွေကြေးအင်အားလည်းတောင့်တင်းတဲ့အသင်းတစ်

သင်းဖြစ်ပြီးဒီနှစ်ထဲမှာရိုင်ယန်ဂစ်၊ပေါစခိုးတို့ပါဝင်တဲ့

မန်ယူအသင်းသားဟောင်းတွေပါဝင်တဲ့အသင်းကိုတောင်

ခေါ်ယူခြေစမ်းထားခဲ့တာပါ။

သိကြတဲ့အတိုင်းပါပဲထိုင်းလိဂ်မှာအာဆီယံကစားသမား

တွေကိုအသည်းအသန်ခေါ်ယူနေကြပါတယ်။Police

Teroမှာအောင်သူ၊ဘူရီရမ်ကတော့ဗီယက်နမ်တိုက်စစ်မှူး

ငုယင်ဗန်ကူရက်နဲ့အကြိုသဘောတူညီမှုရထားပြီလို့သိရပါတယ်။နောက်ပြီးကမ္ဘောဒီးယားစတားပိုရော့ကချောင်ဘူရီ

စသည်ဖြင့်ပေါ့၊အခုပတ္တယားကထပ်ခေါ်ဖို့ကြိုးစားနေတာက

ဖိလစ်ပိုင်ကွင်းလယ်လူဟိကာရူမင်နီဂီရှိပါ။

ဖိလစ်ပိုင်-ဂျပန်ကပြားမင်နီဂီရှီဟာဖိလစ်ပိုင်ကလပ်

ဂလိုဘယ်ဆီဘူးရဲ့ကွင်းလယ်လူတစ်ယောက်ဖြစ်ပြီး

ဖိလစ်ပိုင်လက်ရွေးစင်တစ်ယောက်လည်းဖြစ်ပါတယ်။

ငယ်စဉ်ကဂျပန်မှာကြီးပြင်းခဲ့တဲ့မင်နီဂီရှီဟာ

လက်ရှိအာရှချန်ပီယံကလပ်အူရာဝရက်ဒိုင်းမွန်း

အကယ်ဒမီထွက်တစ်ဦးလို့သိရပါတယ်။ပတ္တယားနဲ့

ဆွေးနွေးမှုဟာမကြာခင်အပြီးသတ်တော့မယ်လို့

ကြားနေရပြီးထိုင်းလိဂ်ကိုမကြာခင်ရောက်လာဖွယ်

ရှိနေပါတယ်။

Source-Siam sports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။