ကမ္ဘာ့ဖလားသွားမယ့်ထိုင်း


ထိုင်းဘောလုံးအဖွဲ့ချုပ်FATရဲ့လုပ်ဆောင်ချက်တွေက

တကယ်ကိုအံမခန်းပါပဲ။ထိုင်းဘောလုံးအဖွဲ့ချုပ်မှာ

2030 Visionဆိုတဲ့Road Mapရှိပါတယ်။အဲ့တာက

20130မှာထိုင်းအသင်းကမ္ဘာ့ဖလားသွားရောက်နိုင်ရေး

ပါ။ထိုင်းတို့ရဲ့ရည်မှန်းချက်ကခက်ခဲပေမယ့်မဖြစ်နိုင်ဘူး

လို့တော့ပြောလို့မရပါဘူး။FATဟာဒီစီမံချက်ကို

ဒီနေ့ပဲစတင်အကောင်အထည်ဖော်လိုက်ပါပြီ။



High Performance Training Center ဆိုတဲ့

အဆင့်မြင့်ဘောလုံးအကယ်ဒမီတစ်ခုကိုဒီနေ့ပဲ

စတင်ဖွင့်လှစ်လိုက်ပါတယ်။ထိုင်းတို့ရဲ့ကမ္ဘာ့ဖလား

အိမ်မက်ကဒီနေရာကစတင်မှာပါ။တစ်နိုင်လုံးက

ပါရမီရှင်လူငယ်ကစားသမားတွေဟာ

ဒီအကယ်ဒမီကိုရောက်လာကြမှာဖြစ်ပြီးနည်းပြဆရာ

တွေကတော့စပိန်ကလပ်ဘာစီလိုနာကတွေပါ။

လာမာစီယာပုံဖမ်းတဲ့ထိုင်းတွေလို့ပဲဆိုပရစေ။


အဲ့ဒီဘောလုံးအကယ်ဒမီဖွင့်ပွဲကိုဖီဖာဥက္ကဌအင်ဖန်တီ

နိုကိုယ်တိုင်တက်ရောက်ဖွင့်လှစ်ပေးပါတယ်။

အင်ဖန်တီနိုအပြင်FAT ကဖိတ်ကြားထားတဲ့

နာမည်ကြီးကစားသမားပတ်ဂျီဆန်၊အိုမာတို့လည်း

တက်ရောက်ခဲ့ကြပါတယ်။ထိုင်းကတော့ကမ္ဘာ့ဖလား

အိမ်မက်ကိုစနစ်တကျထုဆစ်နေပါပြီ။ကျွန်တော်တို့ကရော..

Source-FAT

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။