ရှမ်းယူနိုက်တက်ရဲ့လူရွေးပွဲ


မြန်မာနေရှင်နယ်လိဂ်ချန်ပီယံရှမ်းယူနိုက်ဟာ

တစ်နိုင်ငံလုံးကရွက်ပုန်းသီးဘောလုံးသမားလေးတွေ

ထွက်ပေါ်လာစေဖို့လူရွေးပွဲတစ်ပွဲကိုရန်ကုန်မြို့မှာကျင်းပခဲ့ပါတယ်။ရှမ်းယူနိုက်တက်အသင်းရဲ့Facebookကနေ

ကြေညာခဲ့တဲ့အဆိုပါလူရွေးပွဲကိုပရော်ဖက်ရှင်နယ်

ဘောလုံသမားအိမ်မက်တွေတနင့်တပိုးနဲ့နိုင်ငံအနှံ့က

လူငယ်တွေလာရောက်ခဲ့ကြပါတယ်။ရှမ်းယူနိုက်တက်ဟာ

မနှစ်ကလူရွေးပွဲကိုတောင်ကြီးမှာကျင်းပခဲ့တာဖြစ်ပြီး

ဒီနှစ်မှာတော့ရန်ကုန်မှာပြောင်းလဲကျင်းပခဲ့တာပါ။

ရှမ်းအသင်းနည်းပြတွေဖြစ်တဲ့စိုးမြတ်မင်း၊မင်းသူ

၊ဟန်ဝင်းအောင်စတဲ့နည်းပြတွေဟာအရွေးချယ်ခံကြတဲ့

လူငယ်လေးတွေကိုဂရုတစိုက်စီစစ်ရွေးချယ်ပေးခဲ့ကြပါတယ်။

ရှမ်းကစားသမားတွေဖြစ်တဲ့အောင်ရှိုးသာမောင်တို့အဖွဲ့

ကလည်းလူငယ်လေးတွေကိုအခြေ ခံဘောလုံးနည်းစနစ်

တွေကိုသင်ကြားပြသပေးခဲ့ကြပါတယ်။

ရှမ်းနည်းပြချုပ်ဖြစ်တဲ့စိုးမြတ်မင်းကတော့ပါရမီရှင်ကစား

သမားလေးတွေကိုလူရွေးပွဲမှာတွေ့မြင်ခဲ့ရတယ်လို့ပြောပါတယ်။လာရောက်ရွေးချယ်တဲ့ကလေးတွေကိုနှစ်ရက်ခွဲရွေးချယ်ပြီး

မနက်ဖြန်မှာလည်းဆက်လက်ရွေးချယ်သွားမယ်လို့သိရပါတယ်။ဘယ်သူတွေပရော်ဖက်ရှင်နယ်ဖြစ်လာမလဲ..

Source -Shan

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။