အဓမ္မပြုကျင့်ခံရသည့် အသက်(၈)နှစ်အရွယ်မိန်းကလေး ကျန်းမာရေး အခြေအနေစိုးရိမ်ရ

အဓမ္မပြုကျင့်ခံရသည့် အသက်(၈)နှစ်အရွယ်မိန်းကလေး ကျန်းမာရေး

အခြေအနေစိုးရိမ်ရ၍ စစ်တွေ ပြည်သူ့ဆေးရုံသို့ သွားရောက်ကုသရမည်

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ အရှေ့ဖရုံကာကျွန်းရှိ င/ရဗချိုင်ကျေးရွာတွင် အဓမ္မပြုကျင့်ခြင်း ခံရသည့် အသက်(၈)နှစ်အရွယ်မိန်းကလေးမှာ ကျန်းမာရေးအခြေအနေစိုးရိမ်ရ၍ စစ်တွေပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကုသရမည်ဖြစ်ကြောင်း သိရှိရသည်။

ပေါက်တောမြို့နယ်၊ င/ရဗချိုင်းကျေးရွာမှ အသက်(၈)နှစ်အရွယ်မိန်းကလေးမှာ နိုဝင်ဘာ ၁၄ ရက်က ကစားနေစဉ် ဦးထွန်းအေး(၃၅ နှစ်)မှ ဖမ်းယူကာ မြစ်ကမ်းဘေးတွင် အတင်းအဓမ္မ ပြုကျင့်ခဲ့ခြင်းဖြစ်သည်။ အဓမ္မပြုကျင့်ခံရသူ မိန်းကလေးကို ပေါက်တောမြို့၊ ပြည်သူ့ဆေးရုံတွင် သွားရောက်ဆေးကုသမှုခံယူနေရပြီး မသက်သာ၍ နိုဝင်ဘာ ၁၈ ရက်တွင် စစ်တွေမြို့ ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်မည်ဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

“ပေါက်တောမှာ သက်ငယ်မုဒိန်းမူ မကြာခဏဖြစ်နေတယ်။ ဒါက လူ့ကျင့်ဝတ်ချိုးဖောက်မှုဖြစ်တာကြောင့် ထိထိ ရောက်ရောက် အရေးယူဖို့တော့ လိုအပ်နေပါပြီ။ အခု ရဲစခန်းကတော့ အမှုဖွင့်ထားတယ်။ ကျွန်တော်တို့ အနေနဲ့ ကလေးသူငယ်ဥပဒေပုဒ်မ(CRC Law)နဲ့ ကျူးလွန်သူကို ထပ်မံတရားစွဲဆိုဖို့ စီစဉ်နေပါတယ်။ နောက်ပြီး ကလေးက ကျန်းမားရေး အခြေအနေမကောင်းတာမို့ စစ်တွေဆေးရုံကြီးကို ပို့ဖို့စီစဉ်နေပါတယ်။”ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေးကာကွယ်မြင့်တင့်သူများအဖွဲ့မှ ရခိုင်ပြည်နယ်တာဝန်ခံ ဦးမြတ်ထွန်းက ပြောသည်။

ပြစ်မူကျူးလွန်သူမှာ ကျောက်တော်မြို့နယ်မှ ဖြစ်ပြီး အခင်းဖြစ်ပွားသည့် နေ့မှစ၍ ထွက်ပြေးတိမ်းရှောင်နေပြီး ပေါက်တောမြို့မ ရဲစခန်းမှ မုဒိန်းမူ ပုဒ်မ ၃၇၆ အရ အမူဖွင့်လှစ်ကာ ပြစ်မူကျူးလွန်သူ ဦးထွန်းအေးအား ဖမ်းဆီးရမိနိုင်ရေးအတွက် လိုက်လံရှာဖွေနေကြရာ လက်ရှိအချိန်အထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း ပေါက်တောမြို့မ ရဲစခန်းမှ သိရသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၆ ခုနှစ်အတွင်း အမျိုးသမီးများအား အကြမ်းဖက်ခံရမူနှင့် ပတ်သတ်သော အမူပေါင်း ၁၀၀ ကျော်ဖြစ်ပွားခဲ့ပြီး သက်ငယ်မုဒိန်းမူ (၁၀) မှုကျော်ရှိကြောင်း သိရသည်။

Credit - ရတနာပုံသတင်းစာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။