အင်္ဂါနေ့ညမှာတော့ အင်္ဂလန်ပရီးမီးယားလိဂ်် ပွဲစဉ်အချို့ကို ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ ဒီရာသီမှာ အမှတ်ပေးဖလားမှန်းနေတဲ့ စပါးကတော့ လက်စတာနှင့်ကန်ခဲ့ရပါတယ်။ လက်စတာစီးတီးကလည်း မာကျောတဲ့အသင်းပါ။ စပါးအနေဖြင့် အဝေးကွင်းမှာ လက်စတာနှင့်ကစားခဲ့ရတာပါ။ နှစ်သင်းစလုံးကတော့ ပွဲကို လူအင်အားတောင့်တင်းစွာထွက်လာခဲ့ပါတယ်။

နှစ်ဘက်စလုံးမှာ နာမည်ကျော်တိုက်စစ်မှူးတွေ ကိုယ်စီနှင့် ပွဲထွက်လာခဲ့တာပါ။ ဦးဆောင်ဂိုးကို ရရှိခဲ့တာကတော့ လက်စတာစီးတီးပဲဖြစ်ပါတယ်။ အဆိုပါ ဂိုးကို ပွဲချိန် ပွဲချိန် ၁၃မိနစ်မှာ ဗာဒီက လှလှပပ မြေကျကန်ချက်ဖြင့် သွင်းခဲ့တာပဲဖြစ်ပါတယ်။ ပွဲချိန် ၄၅မိနစ်မှာတော့ လက်စတာတို့နောက်ထပ်တစ်ဂိုးရရှိခဲ့ပါတယ်။ အဆိုပါဂိုးကို မာရက်ဇ်ကအဝေးကနေ လှလှပပသွင်းယူခဲ့တာပါ။ စပါးအသင်းအနေဖြင့် နောက်ပိုင်းမှာ ချေပဂီုးတွေရနိုင်ဖို့ကြိုးစားခဲ့ပါတယ်။  

စပါးအသင်းအနေဖြင့် အပိုင်အလုံးအချို့ကိုလည်း ဖြုန်းတီးမိခဲ့ပါတယ်။ ပွဲချိန် ရ၉မှာတော့ စပါးတို့ တစ်ဂိုးရခဲ့ပါတယ်။ အဆိုပါဂိုးကို တိုက်စစ်မှူး ဟာရီကိန်းကသွင်းခဲ့တာပါ။ စပါးအသင်းအနေဖြင့် နောက်ထပ်ချေပဂိုးများမသွင်းနိုင်ခဲ့တော့ပါဘူး။ ဒါ့ကြောင့် လက်စတာစီးတီးက စပါးကို ၂-၁ ဂိုးဖြင့်အနိုင်ရခဲ့ပါတယ်။ ပွဲအပြီးမှာတော့ စပါးနည်းပြပိုချက်တီနိုက စပါးအသင်း၏အထနှေးမှုကိုစိုးရိမ်နေတယ်လို့ပြောခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၄မတ်လနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အဝေးကွင်း၃ပွဲဆက်အဖြစ် စပါးရှုံးနိမ့်ခဲ့ပါတယ်။

Source – Daily Mail 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။