အင်္ဂါနေ့ညမှာတော့ အင်္ဂလန်ပရီးမီးယားလိဂ်် ပွဲစဉ်အချို့ကို ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ မန်ချက်စတာယူနိင်တက်ကတော့ ၀က်ဖို့နှင့် ကစားခဲ့ပါတယ်။ မန်ချက်စတာယူနိုင်တက်က ဇယားရဲ့ နံပါတ်၂မှာ ရပ်တည်နေတာပါ။ မန်ယူအနေဖြင့် ၀က်ဖို့တို့၏ကွင်းမှာ ကစားခဲ့တာပါ။

နှစ်သင်းစလုံးကတော့ လူအင်အားတောင့်တင်းစွာပွဲထွက်လာပါတယ်။ ဦးဆောင်ဂိုးကိုရရှိခဲ့တာကတော့ မန်ယူအသင်းပဲဖြစ်ပါတယ်။ အဆိုပါဂိုးကို ပွဲချိန် 19မိနစ်မှာ အက်ရှလေယန်းကသွင်းခဲ့တာပါ။ ဒုတိယဂိုးကိုလည်း မန်ယူအတွက် အက်ရှလေယန်းကသွင်းခဲ့ပါတယ်။ ပွဲချိန် ၂၅မိနစ်မှာ တည်ကန်ဘောကနေ အက်ရှလေယန်းကသွင်းခဲ့ပါတယ်။

ထို့နောက် မာရှယ်က မန်ယူအတွက် တတိယဦးဆောင်ဂိုးကိုသွင်းခဲ့ပါတယ်။ ပွဲချိန် ၃၂မိနစ်မှာ မာရှယ်ကသွင်းခဲ့ပါတယ်။ ဒုတိယပိုင်း ရ၇မိနစ်မှာတော့ ၀က်ဖို့အသင်း ပင်နယ်တီရခဲ့ပါတယ်။ အဆိုပါပင်နယ်တီကို ဒီနေးကဂိုးအဖြစ်ပြောင်းခဲ့ပါတယ်။ ပွဲချိန် ၈၄မိနစ်မှာတော့ ဒိုကိုရီက ၀က်ဖို့အတွက် ဒုတ်ယဦးဆောင်ဂီုးကိုသွင်းခဲ့ပါတယ်။ မန်ယူအတွက်နောက်ဆုံးဂိုးအဖြစ် ပွဲချိန် ၈၆မိနစ်မှာ လင်ဂတ်က လှလှပပသွင်းခဲ့ပါတယ်။ ဒါ့ကြောင့် မန်ယူတို့အနေဖြင့် ၀က်ဖို့ကို ၄-၂ ဖြင့်အနိုင်ရခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။