တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော် မိန်းကလေး အဆိုတော် Girls’ Generation အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Taeyeon ဟာ ယာဉ်မတော်တဆမှု တစ်ခု ဖြစ်ပွားခဲ့ပါတယ်..။

နိုဝင်ဘာ(၂၈)ရက်နေ့ ကိုရီးယားစံတော်ချိန် ည(၈)နာရီလောက်က Kangnam မှာ မတော်တဆ ယာဉ်(၃)စီးဆင့်တိုက်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်..။

မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်အရ Taeyeon မောင်းနှင်လာတဲ့ ကားဟာ သုံးလမ်းမောင်းလမ်းကနေကနေ မောင်းနှင်လာပြီး တက္ကစီ တစ်စီးကို ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်..။

အဲ့ဒီ တက္ကစီက သူ့ရဲ့ ရှေ့က ကားတစ်စီးကို ထပ်မံပြီး ထပ်ဆင့် ဝင်တိုက်မိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်..။

ယာဉ်တိုက်မှုကြောင့် Taeyeon ဟာ ရင်ဘတ်မှာ ထိခိုင်ဒဏ်ရာများ ရရှိခဲ့တဲ့အတွက် အရေးပေါ်လူနာတင်ကားနဲ့ ချက်ခြင်း ဆေးရုံကို ပို့ဆောင်ပေးခဲ့ရပါတယ်..။

တစ်ဖက်ကားများမှ ယာဉ်မောင်းနှင့် တက္ကစီပေါ်မှာပါလာတဲ့ ခရီးသည်တွေကိုလည်း ဆေးကုသမှုခံယူဖို့အတွက် ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်..။

အဆိုပါ ယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး SM Entertainment က ယာဉ်တိုက်မှုဟာ Taeyeon ရဲ့ အမှားကြောင့် ဖြစ်ခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်..။

“ည(၇)နာရီလောက် မိနစ်(၄၀)လောက်က Taeyeon ဟာ သူမရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုနဲ့ သွားခဲ့တာဖြစ်ပြီး သူမရဲ့ ပေါ့ဆမှုကြောင့် ကားတိုက်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်..။

မတော်တဆမှုဖြစ်ပွားခဲ့တဲ့ ကားဒရိုင်ဘာတွေနဲ့ တက္ကစီပေါ်ပါတဲ့ ခရီးသည်တွေအတွက် Taeyeon အနေနဲ့ စိတ်မကောင်းဖြစ်ရပြီး ယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီးလည်း အကောင်းဆုံး တာဝန်ယူသွားမှာ ဖြစ်တယ်” လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်..။

Source - Soompi ၊ Allkpop

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။