နာမည်ကြီးမော်ဒယ်တစ်ဦးဖြစ်တဲ့ M Seng Lu ဟာ လက်ရှိမှာတော့ကျိုက်ထိုမြို့ကို ရောက် ရှိနေပြီး ပိုးထည်ဆိုင်ကြော်ငြာရိုက်ကူးပေးနေတာပဲဖြစ်ပါတယ်။ သူမရဲ့ဆွဲဆောင်မှုရှိတဲ့ ဝတ်စုံလေးက ပရိတ်သတ်တွေကို တကယ်ဆွဲဆောင်လွန်းနေပါတယ်။ သူမက အောင်မြင်တဲ့ မော်ဒယ်တစ်ဦး ဖြစ်တာနဲ့အညီ သူမကိုအားပေးတဲ့ ပရိတ်သတ်တွေကလည်း အများအပြားပါ ပဲ။ တိုင်းရင်းသူလေးမို့ တစ်မျိုးဆွဲဆောင်မှုပိုနေတဲ့ သူမရဲ့အလှကိုနှစ်သက်စွဲလမ်း ကြတာ ကြောင့် သူမကို ဝန်းရံသူတွေက တစ်နေ့တခြားပိုပိုပြီး များလာတာပဲဖြစ်ပါ တယ်။

အဖြူရောင်ပိတ်စအခံပေါ်မှာ ရွှေကနုတ် ငွေကနုတ်တွေနဲ့အလှဖော်ဆင်ယင်ထားပြီး ဇာပါး ကိုပန်းပွင့် အကားပုံစံဖော်ပြီး လက်ကိုအလှဆင်ထားတာပဲဖြစ်ပါတယ်။ ဝတ်စုံရဲ့တင့်တယ် မှုနဲ့ တိုင်းရင်သူလေး M Seng Lu ရဲ့ လှပမှုတွေပေါင်းစပ်လိုက်တဲ့အချိန်မှာတော့ သူမ တူတဲ့အလှတစ်ရားတစ်ခုထွက်ပေါ်လာခဲ့ တာပဲဖြစ်ပါတယ်။ မရိုးမဆန်းလေးနဲ့ ယဉ်စစလေး လှတဲ့ဝတ်စုံလေးက M Seng Lu နဲ့ ပိုမိုက်လိုက်ဖက်လို့ သူမကိုယ်ပေါ်မှာ လှလှပပ လေးမှီခိုပြီး တစ်မျိုးအမြင်ဆန်းနေပါတယ်။ ဆံပင်ကိုစုစည်းထားပြီး ရိုးရှင်းပြီး လှပတဲ့ ရတနာလေးတွေကို ဝတ်ဆင်ထားတာမို့ ဝတ်စုံရဲ့အလှဟာပိုမိုပေါ်လွင်နေပါတယ်။

Chaw Chaw Silk & Luxury Fashion က ရွှေဝါရောင်ဝတ်စုံလေးနဲ့ သူမရဲ့ကျော့ကျော့ ရှင်းရှင်း ခန္ဓာကိုယ်လေးတို့ ပေါင်းဖက်လိုက်တဲ့အချိန်မှာ ဘယ်လိုတွေနန်းဆန်နေ လည်းဆိုတာ ပရိတ်သတ် ကြီးကိုပုံလေးတွေနဲ့ သက်သေပြလိုက်ပြီနော်။ တိုင်းရင်းသူလေး M Seng Lu ရဲ့ မြန်မာဆန်ပြီး ကျက်သရေရှိလှတဲ့ အလှတရားကို ပရိတ်သတ်ကြီးအတွက် အပြေးလေးတင်ဆက်ပေးလိုက်ပါတယ်။

Source – M Seng Lu’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။