ပရိသတ်အချစ်တော် သရုပ်ဆောင် မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ စာမေးပွဲပြီးသွားပြီ ဖြစ်လို့ ပျော်နေပါတယ်..။

စိုးပြည့်သဇင်ဟာ အဝေးသင် တတိယနှစ် မြန်မာစာ စာမေးပွဲကို ဖြေဆိုနေတာဖြစ်ပြီး ယနေ့ နိုင်ဝင်ဘာ(၂၉)ရက်နေ့မှာ စားမေးပွဲပြီးသွားလို့ ပျော်နေတာ ဖြစ်ပါတယ်..။

သူမဟာ အဝေးသင် တတိယနှစ် မြန်မာစာ စာမေးပွဲကို နိုဝင်ဘာ(၂၀)ရက်နေ့က စတင်ဖြေခဲ့တာ ဖြစ်ပြီး ဒီနေ့မှာတော့ စာမေးပွဲပြီးဆုံးသွားလို့ ပျော်လည်း ပျော်နေသလို စိတ်ထဲမှာလည်း ဟာသွားသလို ခံစားရတယ်လို့ ဆိုပါတယ်..။

ပြည်သူ့အချစ်တော် မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ စာမေးပွဲမှာ ဘာသာအားလုံးဖြေဆိုနိုင်တယ်လို့ ဆိုပါတယ်..။

စာမေးပွဲပြီးတဲ့နေ့မှာ သူမရဲ့ မိခင်ဖြစ်သူရဲ့ မွေးနေ့နဲ့လည်း တိုးနေတယ်ဆိုပြီး မိခင်ဖြစ်သူအတွက်အတွက်လည်း မွေးနေ့ ဆုတောင်းပေးထားတာ တွေ့ရပါတယ်..။

စာမေးပွဲမျာ ဘာသာရပ်အားလုံးဖြေဆိုနိုင်ပြီး ပျော်နေတဲ့ အကြောင်းလေးကို လွန်ခဲ့တဲ့ မိနစ်ပိုင်းက စိုးပြည့်က သူမရဲ့ fb စာမျက်နှာမှာ ရေးသားထားတာ တွေ့ရပါတယ်..။

“ဒီနေ့စာမေးပွဲပြီးသွားပြီ.. ဘာသာအားလုံးဖြေနိုင်ပါတယ်လို့ တနေ့မှသုံးနာရီဘဲအိပ်ခဲ့ရတဲ့ရက်တွေလွတ်ပြီ...ပျော်လည်းပျော်တယ်....ဖြေပြီးတော့လည်း စိတ်ထဲဟာသွားသလိုဘဲ....ဘာဘဲပြော ပြောဒီနေ့စာမေးပွဲလဲပြီး မေမေ့မွေးနေ့နဲ့လည်းတိုး....Happy birthday မေကြီးမွေးနေ့မှာပျော်ရွှင်ပါစေနော်.....အမြဲစိတ်ချမ်းသာပါစေမေမေ..” လို့ ရေးသားထား ဖြစ်ပါတယ်..။

ပရိသတ်အားပေးမှုတွေ အခိုင်အမာ ရရှိထားတဲ့ မင်းသမီးချောလေး စိုးပြည့်သဇင်ဟာ “မိုးညအိပ်မက်မြူ” ရုပ်ရှင်ဇာတ်ကားနဲ့ (၂၀၀၉)ခုနှစ်မှာ အကယ်ဒမီ ရရှိခဲ့တာ ဖြစ်ပါတယ်..။

စိုးပြည့်ဟာ သရုပ်ဆောင်ပိုင်းမှာသာမက ဂီတအဆိုပိုင်းမှာလည်း ပရိသတ်တွေရဲ့ အသ်အမှတ်ပြု လက်ခံအားပေးမှုတွေကို ရရှိပိုင်ဆိုင်ထားတာ တွေ့ရပါတယ်

Source - စိုးပြည့် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။