မော်ဒယ်သရုပ်ဆောင်ထူးအောင်ကို မကြာခင်မှာတပ်မတော်သားဇာတ်ရုပ်နဲ့ မြင်တွေ့ရတော့ မှာဖြစ်ပါတယ်။ ထူးအောင်က ဗလတောင့်တောင့် အရပ်အမောင်းကောင်းကောင်းနဲ့ဆိုတော့ သူနဲ့ ပိုမိုလိုက်ဖက်တဲ့ဇာတ်ရုပ်မျိုးပါပဲ။ တပ်မတော်နေ့ဂုဏ်ပြုဇာတ်ကားကို ရိုက်ကူးမှာဖြစ်ပြီး ဒီဇာတ်ကားမှာတော့ ထူးအောင်က တပ်မတော်သားတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်မှာပဲ ဖြစ်ပါတယ်။ နာမည်ရမော်ဒယ်တစ်ဦးဖြစ်သလို သရုပ်ဆောင်တစ်ဦးလည်းဖြစ်တဲ့ ထူးအောင် ဟာဆိုရင် ပရိတ်သတ်အခိုင်အမာ ရရှိထားတဲ့ Celebrity တစ်ဦးလည်းဖြစ်ပါတယ်။ ယောကျာ်းပီသပြီး အမိုက်စားပုံစံတွေကြောင့် ပရိတ်သတ်အခိုင်အမာရရှိထားပြီး အောင်မြင် တဲ့ အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။

တပ်မတော်ဂုဏ်ပြုဇာတ်ကားကို ဒီဇင်ဘာ (၁၅) ရက်နေ့မှာ စတင်ရိုက်ကူးမှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ စစ်သားတစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ရမှာဖြစ်လို့ လေ့ကျင့်မှု တွေပြုလုပ်ရမယ်လို့ဆိုပါတယ်။ စစ်သားတွေရဲ့ လမ်းလျှောက်ပုံ၊ အလေးပြုပုံ၊ သေနတ်ကိုင်ပုံ တွေကို သေချာလေ့လာပြီးလေ့ကျင့်သွားရမှာဖြစ်တယ်လို့ဆိုပါတယ်။ ကာရိုက်တာတစ်ခုကို လုပ်တော့ မယ်ဆို သေချာလေ့လာပြီးမှ အနီးစပ်ဆုံးတူအောင် လုပ်လေ့ရှိတယ်လို့ဆိုပါ တယ်။ မရှိတဲ့ပုံစံဆို ရင်တော့ ကိုယ်တိုင်စိတ်ကူးယဉ်ပြီးကြိုးစားလုပ်ယူတယ်လို့ဆိုပါတယ်။ မှားတာမှန်တာတော့ ကိုယ် လဲမသိဘူးဆိုပြီး Interview တစ်ခုမှာဖြေကြားသွားပါတယ်။

လက်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာတွေရိုက်ကူးဖို့ လက်ခံထားတယ်လို့ သိရပါတယ်။ အနုပညာလုပ်ငန်းလုပ်တာ (၃) နှစ်လောက်ရှိပြီလို့သိရပါတယ်။ သက်တမ်း တစ်လျှောက်လုံးမှာတော့ ရုပ်ရှင်ဇာတ်ကား (၁၀) ကားရိုက်ကူးထားတယ်လို့ဆိုပါတယ်။ တပ်မတော်ဂုဏ်ပြုဇာတ်လမ်းလေး ထွက်ရှိလာရင်လည်း ထူးအောင်တစ်ယောက် ဘယ်လို တွေသရုပ်ဆောင်မလည်းဆိုတာ စိတ်ဝင်စားစရာပဲ ပရိတ်သတ်ကြီးရေ။ ဗလတောင့်တောင့် နဲ့ ယောကျာ်းပီသတဲ့ထူးအောင်ကို ပရိတ်သတ်ကြီး ဝန်းရံဖို့မမေ့နဲ့ဦးနော်။

Source – Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။