အဆိုတော်များဖြစ်ကြတဲ့ အနဂ္ဂနဲ့ သံသာဝင်းတို့ရဲ့သမီးလေးကို ပန်းလှိုင်ဆေးရုံမှာ November 27 ရက်နေ့က အောင်မြင်စွာခွဲစိတ်မွေးဖွားခဲ့တာပဲဖြစ်ပါတယ်။ Congratulation ပါ အနဂ္ဂနဲ့သံသာဝင်းရေ။ ချစ်စရာသမီးလေးဖြစ်တာကြောင့် အဘွားဖြစ်သူ ဒေါ်နွဲ့ယဉ်ဝင်း က လည်းပြုံးပျော်လို့နေပါတယ်။ ပျော်ရွှင်နေတဲ့မိသားစုပုံရိပ်လေးကတော့ တကယ့်ကိုကြည်နူး စရာပါပဲ ပရိတ်သတ်ကြီးရေ။ ချစ်စရာကောင်းတဲ့ အနာဂတ်ကြယ်ပွင့်လေးတစ်ပွင့်တော့ ထွန်း တောက်လို့လာပြန်ပါပြီနော်။ အဘွားကလည်းအဆိုတော် အဖေနဲ့အမေကလည်း အဆိုတော် ဆိုတော့ ကလေးလေးကလည်း အာဂလေးဖြစ်မှာ သေချာသလောက်ရှိပါတယ်။

ချစ်စရာသမီးလေးကိုကြည့်ပြီး ကြည်နူးနေတဲ့ အနဂ္ဂရဲ့ပုံရိပ်တွေက ဖခင်မေတ္တာကို အပြည့် အ၀ ဖော်ကျူးနေပါတယ်ပရိတ်သတ်ကြီးရေ။ အဘွားဖြစ်သူ ဒေါ်နွဲ့ယဉ်ဝင်းရဲ့ ကြည်နူးပီတိအပြုံး တွေကလည်း မြေးမလေးအတွက် မေတ္တာတွေအများကြီးပါဝင်နေပါတယ်။ မိတ်ဆွေ အပေါင်းအသင်းတွေကလည်း ကလေးလေးအတွက်ဆုတောင်းစကားတွေဆိုကြရင်း မင်္ဂလာ ရှိတဲ့နေ့ရက်လေးတစ်ခုဖြစ်လို့နေပါတယ်။ ချစ်စရာသမီးလေးကို ပန်းရောင်အနှီး လေးနဲ့ထုပ်ထားပြီး အိပ်နေတဲ့ပုံလေးက အပြစ်ကင်းစင်လွန်းလှပါတယ်။ ချစ်စရာကောင်း လိုက်တာ ကလေးလေးရယ်။

ဒီနေဆိုရင်တော့ကလေးဟာ နှစ်ရက်သမီးလေးဖြစ်လို့နေပါပြီ။ ဖေဖေ မေမေ ဘိုးဘိုး ဘွားဘွားတို့ရဲ့ မေတ္တာတွေနဲ့ ကလေးရဲ့ဘဝမှာ လုံခြုံအေးချမ်းပြီး ပျော်ရွှင်မှုတွေနဲ့ ပြည့်စုံပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ကံကောင်းခြင်းများစွာနဲ့ လူ့လောကထဲကို ရောက်ရှိလာပြီး မေတ္တာတွေအများကြီး ရရှိနေတဲ့ ချစ်စရာကလေးလေးကို ပရိတ်သတ် ကြီးမြင်တွေ့နိုင်အောင် တင်ဆက်ပေးလိုက်ပါတယ်။

Photo – Than Thar Win’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။