ပရိသတ်တွေကြားမှာအရမ်းကိုရေးပန်းစားနေတဲ့သူရိယနဲ့ဆုအိမ်စံတို့စုံတွဲလေးဟာတကယ်ကိုချစ်စရာကောင်းပြီးလိုက်ဖက်ညီတဲ့စုံတွဲလေးပဲဖြစ်ပါတယ်။

ချစ်သူသက်တမ်း(၁၁)ရှိပြီးဖြစ်တဲ့သူတို့စုံတွဲလေးဟာနားလည်မှုရှိရှိနဲ့အနုပညာလုပ်ငန်းလေးတွေလဲလက်တွဲလုပ်ကိုင်နေကြတာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်အနဲအငယ်ကပုဂံမှာရိုက်ကူးခဲ့တဲ့ချစ်စရာစုံတွဲပုံလေးကိုကြောင့်ပရိသတ်တွေအားကျခဲ့ကြရတာပဲဖြစ်ပါတယ်။

ဒီတစ်ခါမှာလဲသူရိယဟာဆုအိမ်စံအပေါ်သဘောကျမိတဲ့အချက်လေးတွေဖွင့်ဟပြောပြရင်းချီးမွန်းခန်းဖွင့်လိုက်တာပဲဖြစ်ပါတယ်။

ဆုအိမ်စံကိုသဘောအကျဆုံးအချက်ကတော့ပွင့်လင်းတာပေါ့နော်လို့ဆိုပါတယ်။သူကစိတ်ထဲမှာရှိတာတွေကို သံသယအနေနဲ့မထားပဲပွင့်ပွင့်လင်းလင်းအကုန်ပြောတယ်လို့ဆိုပါတယ်။Relationshipတစ်ခုမှာသံသယစိတ်တွေကြီးထွားလာရင်မတည်မြဲနိုင်ဘူး။

အဲ့ဒီကြောင့်သံသယစိတ်တွေအရင်ဖျောက်ဖျက်ပစ်ပြီးယုံကြည်မှုတွေတည်ဆောက်ဖို့လိုပါတယ်။ဒါမှလဲကျွန်တော်တို့နှစ်ယောက်သံယောဇဉ်ခိုင်မာဖို့ဖြစ်လာမှာပါလို့ပြောပါတယ်။

RSတိုင်းကတော့နားလည်မှုဆိုတာကိုအချိန်တစ်ခုတည်ဆောက်ရတာပေါ့။ကိုယ့်ရဲ့ကိုယ်ကျင့်တရားက ကိုယ့်ရဲ့သိက္ခာတစ်ခုပဲအဲ့ဒါသာပျက်ပြားသွားရင်ယုံကြည်မှုဆိုတာတည်ဆောက်လို့မရတော့ဘူး''လို့ပြောပြပါတယ်။ 

လက်ရှိမှာတော့သရုပ်ဆောင်သူရိယနဲ့ဆုအိမ့်စံတို့ဟာ “ဖေ့စ်ဘုတ်ရွာ” ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အတူတွဲဖက်သရုပ်ဆောင်ခဲ့တာဖြစ်ပြီးဗီဒီယိုဇာတ်ကားတွေမှာလည်းပါဝင်သရုပ်ဆောင်ထားကာအနုပညာလုပ်ငန်းတွေကိုတွဲဖက်ညီညီလုပ်ဆောင်နေတဲ့ချစ်စရာကောင်းတဲ့စုံတွဲလေးပဲဖြစ်ပါတယ်။

ပရိသတ်တွေအားကျရလောက်တဲ့ခိုင်မာတဲ့အချစ်ရေးတစ်ခုကိုတည်ဆောက်ထားကြပြီးနှစ်ယောက်အတူသာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးလေးလဲတည်ထောင်ဖို့အထိရည်ရွှယ်ထားကြတာပဲဖြစ်ပါတယ်။

အစစအရာရာပြည့်စုံပြီးလက်ထပ်ဖို့သေချာတဲ့အခြေအနေတစ်ခုရောက်ရင်လဲပရိသတ်တွေကိုအသိပေးသွားမှာပါလို့ဆိုပါတယ်။ 

သတင်းအရင်းအမြစ် - သူရိယ(Duwun)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။