“ငါ့ကိုနမ်းတဲ့မုန်တိုင်း” ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးဟာ မကြာခင်ရုံတင်ပြသတော့မှာပဲဖြစ်ပါတယ်။ ဒီကားကို ဒါရိုက်တာ အောင်ဇော်လင်းနဲ့ ၀င်းလွင်ထက်တို့ကပူးပေါင်းရိုက်ကူးထားပီး Bo Bo Flim မှထုတ်လုပ်ပေးထားတာဖြစ်ပါတယ်။

သရုပ်ဆောင်များအဖြစ် လွှမ်းပိုင်၊ရဲရင့်အောင်၊ဖွေးဖွေးတို့ကအဓိကပါ၀င်သရုပ်ဆောင်ထားကြပီး ၀ါရင့်သရုပ်ဆောင်ကြီးများဖြစ်ကြသည့် နေအောင်၊ရဲအောင်၊မြတ်ကေသီအောင်တို့နှင့်အတူ တင်ဇာမြင့်မိုရ်၊ ပန်ပန်စသည့်အခြားသရုပ်ဆောင်ပေါင်းများစွာလည်းပါ၀င်အားဖြည့်ပေးထားကြပါတယ်

ထိုဇာတ်ကားထဲတွင် ပရဟိတစိတ်အပြည့်ရှိပီး လူအများကိုကူညီတတ်တဲ့လူငယ်လေး နေညိုသွင်အဖြစ်လွှမ်းပိုင် ၊ ခပ်ဆိုးဆိုးကောင်လေး သြရထူးအဖြစ် ရဲရင့်အောင်၊ပကာသနတွေမမက်တဲ့ကောင်မလေး ပျို အဖြစ်ဖွေးဖွေးကသရုပ်ဆောင်ပေးထားပါတယ်။ဇာတ်ကားနှင့်ပက်သက်ရျ် ပျော်လည်းပျော်ခဲ့ရပီး အမှတ်တရတွေလည်းရှိခဲ့ရပါတယ်လို့ လွှမ်းပိုင်မှဖြေသွားခဲ့ပါတယ်။

ရဲရင့်အောင်ကလည်းသူ့အတွက်အခက်ခဲတွေရှိပေမယ့်လည်း အများကြီးကြိုးစားထားပါတယ်လို့ ပြော

ငါ့ကိုနမ်းမဲ့မုန်တိုင်း ရုပ်ရှင်ဟာမကြာမီရုံတင်တော့မှာဖြစ်ပေမယ့်လည်း မည်သည့်ရက်တွင်ထွက်ရှိမည်ကိုတော့ မကြေညာထားသေးပါဘူး။ဒါကြောင့်ပရိသတ်ကြီးလည်း ရုံတင်မဲ့ရက်ကို အတူတူစောင့်မျှော်ပေးကြပြီး ဇာတ်ကားထွက်ရှိလာရင်လည်းအားပေးလိုက်ကြပါအုန်းနော်။

Source: The Radar (Page), Fan Pages

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။