Victoria’s Secret Fashion Show ပွဲဟာဆိုရင်ဖြင့်ပြီးခဲ့တဲ့နိုဝင်ဘာ ၂၀ရက်နေ့ကတည်းကကျင်းပပြီးစီးသွားခဲ့ပေမဲ့ ပြသခွင့်ကိုတော့၂၈ရက်နေ့မှသာလျှင် CBSချန်နယ်မှပြသခဲ့ရတာလည်းဖြစ်ပါတယ်။Victoria’sSecretFashionShowဟာဆိုရင်အာရှဆီသို့ပထမဦးဆုံးရောက်ရှိကျင်းပခဲ့တာလည်းဖြစ်ပါတယ်။အဆိုပါရှိုးပွဲအားပူဒေါင်ရှိMercedesBenzArenaမှာကျင်းပပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။အခမ်းအနားအပြင်အဆင်မှာUFOဆန်ဆန်အရိပ်များအားပန်းရောင်မီးအလင်းများဖြင့်တွဲဖက်ပြင်ဆင်ထားတာလည်းဖြစ်ပါတယ်။

ပွဲသို့တက်ရောက်ရန်ဖိတ်ကြားခြင်းခံရသူပေါင်း၃၀၀၀ကျော်ရှိနေပြီးခုံနံပါတ်များမှာလည်းနံပါတ်စဉ်မလိုက်စီစဉ်ထားပေမဲ့အချို့မှာနေရာရရှိခြင်းမရှိကြဘူးလို့သိရပါတယ်။အဆိုပါပွသြို့တက်ရာက်ရန်နာမည်ကြီးပြီးမှတက်ရောက်နိုင်ခြင်းမရှိသည့်ဂီဂီဟေဒီ၊တေလာဆွစ်နှင့်ကေတီပယ်ရီတို့ဘဲဖြစ်ပါတယ်။တရုတ်ပြည်မှစိတ်ဆိုးနေခဲ့သောပရိသတ်တွေကြောင့်ဂီဂီမှာပွဲတက်ရောက်နိုင်ခြင်းမရှိခဲ့သလိုကေတီပယ်ရီမှာလည်းနိုင်ငံရေးဆိုင်ရာအကြောင်းရင်းတချို့ကြောင့်တက်ရာက်ခြင်းမရှိခဲ့တာလည်းဖြစ်ပါတယ်။အဆိုပါပွဲတွင်ဖျော်ဖြေတင်ဆက်သူအဖြစ်ဟာရီစတိုင်မှအနက်ရောင်ဂူချီဝတ်စုံအားဗစ်တိုးရီးယားစီးခရက်၏ပန်းရောင်ရှပ်အကျီင်္ဖြင့်တွဲဖက်ဝတ်ဆင်လျက်သူ၏ပထမဆုံးစင်ဂယ်ထဲမှသီချင်းတွေဖြင့်ဖျော်ဖြေခဲ့ပါတယ်။အခြားဖျော်ဖြေတင်ဆက်သူများမှာမီဂူးလ်၊လစ်လိုင်းအိုဒမ်ဂျူနီယာနှင့်တရုတ်ပေါ့အဆိုတော် ဂျိန်းရှောင်တို့မှ ပါ၀င်အားဖြည့်ထားကြပါတယ်။

ယခုနှစ်အတွက်Victoria’sSecretFashionမှပန်းရာင်နှင့်အပြာရောင်အားအဓိကထားပြသသွားခဲ့ပါတယ်။ပွဲတွင်ခေါင်းစဉ်ခြောက်မျိုးဖြင့်ပြသွားခဲ့ပါတယ်။အဲ့သည့်ခေါင်းစဉ်တွေကတော့ “Punk Angel,” “Porcelain Angels,” “A Winter’s Tale,” “Millennial Nation,” “Goddesses” နှင့် “NomadicAdventure.”ဆိုပြီးဖြစ်ပါတယ်။ခုနစ်နာရြီ့ာတင်ဆက်ခဲ့တဲ့အဆိုပါပွဲရဲ့စင်နောက်ဖက်မှာဆိုရင်လည်းဖက်ရှင်ဘလော့ဂါများနှင့်သတင်းထောက်များကလက်မလည်အောင်ဖြစ်နေကြတာကိုလည်းတွေ့ရပါတယ်။ဒါ့အပြင်အကျော်ကြားဆုံးကတော့ fantasy bra ဘဲဖြစ်ပါတယ်။အဆိုပါဘရာရဲ့တန်ဖိုးမှာလည်း နှစ်မီလျှံရှိပြီးကျောက်မျက်ရတနာပေါင်း၆၀၀၀ခန့်ဖြင့်အလှဆင်ထားပြီး၆၀၀ကာရတ်ခန့်အလေးချိန်ရှိပါတယ်။အဲ့သည့်ဘရာအားလုံခြုံရေးနှစ်ယောက်ဖြင့်ထားရှိထားရသည်ဟုလည်းသိရပါတယ်။

Source - Eonline 

The “Champagne Nights” Fantasy Bra designed by Mouawad- $2Million

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။