နိုဝင်ဘာ(၂၈)ရက်နေ့က Girls' Generation အဖွဲ့ဝင် Taeyeon ဟာ သူမရဲ့ အများကြောင့် ကားသုံးစီး ဆင့်တိုက်ပြီး ယာဉ်မတော်တဆမှု တစ်ခု ဖြစ်ပွားခဲ့ပါတယ်..။

အဲ့ဒီယာဉ်တိုက်မှုအတွက် Taeyeon ဟာ တက္ကစီယာဉ်မောင်းသမားကို တောင်းပန်ခဲ့တယ်လို့ ဆိုပါတယ်..။

သို့သော် ကားမတော်တဆမှုမှာ ပါဝင်ခဲ့တဲ့ လူတစ်ယောက်ကတော့ Taeyeon ဟာ သူတို့ကို တောင်းပန်စကားပြောခဲ့ခြင်း မရှိပါဘူးလို့ ပြောခဲ့ပါတယ်..။

စိတ်ပူနေတဲ့ သူမရဲ့ ပရိသတ်တွေကတော့ အင်စတာဂရမ်မှာ သူမကို အားပေးစကားများ ပြောထားတာ တွေ့ရပါတယ်..။

Taeyeon အနေနဲ့ မတော်တဆမှုမှာ ပါဝင်ခဲ့သူတွေကို တောင်းပန်လိုက်ရင် ကျေနပ်သွားစေနိုင်ပြီး ကောင်းကောင်း ပြီးဆုံးသွားနိုင်မှာပါ..။

မင်းကို ယုံကြပါတယ်.. အဆင်ပြေမယ်လို့လည်း မျှော်လင့်ပါတယ်.. တစ်နေ့လုံးမင်းအကြောင်းကိုပဲ တွေးနေမိပြီး ရင်ထဲမှာ နာကျင်ခံစားရလောက်အောင် စိတ်ပူနေတယ်..။

အရမ်းချစ်ပါတယ်.. အခုတော့ မင်းအမှားဖြစ်နေခဲ့တယ်.. ဒါပေမယ့် နောက်ပိုင်းမှာ ဂရုစိုက်မယ်ဆိုရင် အဆင်ပြေသွားမှာပါ..” လို့ ပရိသတ်တွေက အားပေးစကားပြောထားတာ ဖြစ်ပါတယ်..။

Taeyeon ကလည်း စာပြန်ခဲ့ပါတယ်.. “ ပရိသတ်တွေကို စိတ်ပူစေခဲ့မိလို့ တောင်းပန်ပါတယ်.. တက္ကစီယာဉ်မောင်းသမားကို တောင်းပန်ခဲ့ပါတယ်..။ ဒါပေမယ့် အခြားသူတွေက မဆငက်သွယ်ချင်ကြဘူး..။ ဒါကလည်း နားလည်မှုလွဲသွားခဲံတာဖြစ်ပြီး နောက်ပိုင်းတွေမှာ ပိုဂရုစိုက်ပါမယ်.. စိတ်ပူစေခဲ့မိတဲံအတွက် အားလုံးကို တောင်းပန်ပါတယ်..”လို့ စာပြန်ခဲ့တာ ဖြစ်ပါတယ်..။

သူမရဲ့ နောက်ပရိသတ် fan တစ်ယောက်ကလည်း “Taeyeon ရလဒ်ထွက်လာပြီးရင်လည်း မှားတဲ့ ကောလဟာလပြောဆိုသူတွေ ချဲကားပြောတဲ့သူတွေနဲ့ ကျိန်ဆဲတဲ့ သူတွေကိုလည်း တရားစွဲပါ.. လွယ်လွယ်နဲ့ အလျှော့မပေးပါနဲ့..” လို့ ပြောထားပါတယ်..။

Taeyeon ကလည်း “ပရိသတ်တွေ အခုလို စိတ်ပူပေးစေခဲ့တဲ့အတွက် တောင်းပန်ပါတယ်.. သူမလည်း စီစဉ်နေပါတယ်.. နောက်ပြီး ပိုဂရုစိုက်သွားပါမယ်..” လို့ ပြန်လည် ပြောခဲ့ပါတယ်..။

Source - Allkpop

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။