သရုပ်ဆောင်ကြည်လဲ့လဲ့ဦးဟာ လက်ရှိမှာတော့သာယာပျော်ရွှင်တဲ့ မိသားစုလေးကို ဇာနည်နဲ့အတူ ချစ်စဖွယ်သားသမီးသုံးဦးကိုလည်းပိုင်ဆိုင်ထားရပြီဖြစ်ပါတယ်။ ယခင်က ရုပ်ရှင်တွေရိုက်ကူးခဲ့ပြီး လက်ရှိမှာတော့ မိသားစုအတွက် အိမ်ထောင့်တာဝန်ကျေပွန် အောင် အစစအရာရာ ဖြည့်ဆည်းပေးနေ ရတာမို့ အနုပညာလုပ်ငန်းကိုလည်းအရင်ကလို ထိထိရောက်ရောက်မလုပ်ဖြစ်တော့တာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့လပိုင်းလောက်တုန်းက “ ဂယက်တွေပါဟယ် ” ဆိုတဲ့ ဟာသဇာတ်ကားလေးကို ရိုက်ကူးထားပါသေးတယ်။ လူဟောင်း တွေနဲ့မို့ ပျော်စရာကောင်းပါတယ်လို့ သူမကဆိုပါတယ်။

ဝိတ်ကိုတော့တကူးတကချဖို့မရှိပါဘူးလို့ဆိုပါတယ်။ မိသားစုအရေးအတွက် ဦးစားပေးနေရ တာမို့ ဝိတ်ချဖို့အတွက်ကို တကူးတကအချိန်မပေးဖြစ်ဘူးလို့ဆိုပါတယ်။ တကယ်လို့ ပြန်များ ပိန်ဖြစ်သွားခဲ့ရင် Drama ဇာတ်ကားလေးတွေပြန်ရိုက်ကူးချင်ပါတယ်လို့ဆိုပါတယ်။ ပရိတ် သတ်တွေကိုလည်း အရမ်း ၀ နေလို့အားနာရပါတယ်လို့ဆိုပါတယ်။ ဟာသဇာတ်ကားတွေ ရိုက်ဖို့ လာကမ်းလှမ်းတာတွေရှိပေမယ့် ကိုယ့်ကလေးတွေနဲ့ နယ်ကိုသွားရလာရတာတွေ ကြောင့် ရိုက်ကူးဖို့အဆင်မပြေဘူးလို့ဆိုပါတယ်။ တစ်နေ့နေ့တော့ ပရိတ်သတ်တွေအကြိုက် ပြန်လည်ဖြစ်ကောင်းပါရဲ့လို့ဆိုပါတယ်။

သူမရဲ့ခန္ဓာကိုယ်အလေးချိန်ကိုတော့ သီးသန့်အချိန်တစ်ခုပေးပြီး လျော့ဖြစ်မှာမဟုတ်ဘူးလို့ ဆိုပါ တယ်။ မိသားစုကိုပံ့ပိုးနေရပြီး အိမ်ရဲ့စီးပွားရေးအတွက်ကို သူမကလုံးပန်းနေရတာဖြစ်လို့ ဝိတ်ချဖို့ အပိုင်းကိုတော့ လေ့ကျင့်ခန်းလုပ်ပြီး တကူးတကမလုပ်ဖြစ်ဘူးလို့ဆိုပါတယ်။ သူမကို အခုချိန်ထိ မေတ္တာမပျက်ပဲအားပေးနေတဲ့ ပရိတ်သတ်ကြီးကို အရမ်းကျေးဇူးတင်ပါတယ် ဆိုပြီး Interview တစ်ခုမှာဖြေကြားသွားခဲ့ပါတယ်။

Source – Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။