နာမည်ကျော်ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဝတ်မှုန်ရွှေရည်တစ်ယောက် မင်္ဂလာပွဲ တစ်ပွဲကိုရောက်ရှိလို့နေပါတယ်။ ချစ်စရာကောင်းတဲ့သူမရဲ့ အနီအဖြူရောယှက်ထားတဲ့ မြန်မာဝတ်စုံဖက်ရှင်လေးဟာ သူမရဲ့လှပကျော့ရှင်းမှုတွေပေါ်မှာ ကဗျာဆန်ဆန် တည်ရှိနေပါတယ်။ သူမဟာအောင်မြင်တဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပြီး အကယ်ဒမီရွှေစင် ရုပ်ထု နှစ်ဆုထိပိုင်ဆိုင်ထားတဲ့ အရည်အချင်းပြည့်ဝတဲ့ ထိပ်တန်းမင်းသမီးစာရင်းဝင် တစ် ယောက်ပါပဲ။ အလှူတွေလည်း ခဏခဏလုပ်ပြီး စိတ်သဘောထားကောင်းတဲ့ မင်းသမီး လေးတစ်ယောက်ပါပဲ။

ဒီနေ့တော့ မင်္ဂလာဆောင်တစ်ခုကို သူမကသွားရောက်ပွဲတက်ခဲ့တာဖြစ်ပြီး အဖြူရောင်ပေါ် မှာ ပန်းပွင့်အနီအပွင့်ကြီးတွေရိုက်ထားတဲ့ ပိတ်စလေးကို အပေါ်ကဇာပါးလေးဖုံးလွှမ်းပြီး ရိုးရိုးလေးနဲ့လှတဲ့ပုံစံလေးကို ဆင်မြန်းသွားခဲ့တာပဲဖြစ်ပါတယ်။ ဘယ်အချိန်ကြည့်ကြည့် ချစ်စရာကောင်းနေတဲ့ သူမရဲ့ပုံရိပ်လေးတွေကလည်း ပရိတ်သတ်ကိုအမြဲတမ်း ဖမ်းစားနိုင်နေ ခဲ့တာပဲဖြစ်ပါတယ်။ သူမရဲ့ အချစ်ရေးကိုတော့ ပရိတ်သတ်တွေယနေ့ထက်ထိ မသိရသေးပါ ဘူး။ Single ဘဝရဲ့လွတ်လပ်မှုကို အပြည့်အဝခံစားနေတာဖြစ်ပုံရတယ်နော် ပရိတ်သတ်ကြီး။

ကလေးဆိုတော့ သူများမင်္ဂလာဆောင်ပွဲတွေပဲသွားရတယ် ဆိုပြီး သူမရဲ့ Facebook Page မှာ တင်ထားတာဖြစ်ပါတယ်။ သူမဟာလည်း တကယ်ကို ကလေးလေးနဲ့တူပြီး ချစ်စရာ ကောင်းလှပါ တယ်။ သူမရဲ့လှပတဲ့ဝတ်စုံလေးနဲ့အတူ ရွှေရောင်ဒေါက်ချွန်ဖိနပ်လေးကို စီးထားပုံက တကယ်ကို နန်းဆန်ဆန်လှပနေပါတယ်။ ကစ်ရဲ့မင်္ဂလာပွဲတက် ချစ်စရာ Fashion လေးကို ပရိတ်သတ်ကြီးအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။

Source – Wutt Hmone Shwe Yi’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။