ယမန်နေ့ညကတော့ ပရီးမီးယားလိဂ်ပွဲများကစားခဲ့ပါတယ်။အဲဗာတန်ကတော့ဝက်စ်ဟမ်းနှင့်စားခဲ့တာပါ။ အဲဗာတန်တို့၏အိမ်ကွင်းမှာကန်ခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါပွဲမတိုင်ခင်မှာတော့ အဲဗာတန်တို့ကတော့ နည်းပြသစ် ဆမ်အလာဒိုက်စ်ကိုခန့်ခဲ့ပါတယ်။ 

အဆိုပါပွဲမှာတော့ နှစ်ဘက်စလုံးက အင်အားအပြည့်နဲ့ပွဲထွက်လာပါတယ်။ ဒီပွဲမှာတော့ ပွဲကိုလွှမ်းမိုးနိုင်ခဲ့တာ အဲဗာတန်ပဲဖြစ်ပါတယ်။ ဦးဆောင်ဂိုးကိုလည်း အဲဗာတန်ကရရှိခဲ့ပါတယ်။ ပွဲချိန်၁၈မိနစ်မှာ အဲဗာတန်က ပင်နယ်တီရခဲ့ပါတယ်။ အဆိုပါ ပင်နယ်တီကို ရွန်းနီကကန်သွင်းခဲ့ပါတယ်။ ကန်ခဲ့တဲ့ဘောလုံးကို ဂျိုးဟတ်ပုတ်နိုင်ခဲ့ပေမယ့် ထွက်လာတဲ့ ဘောလုံးကို ရွန်းနီကသွင်းယူခဲ့တာပါ။

ပွဲချိန် ၂၈မိနစ်မှာ အဲဗာတန်တို့နောက်၁ဂိုးထပ်ရခဲ့ပါတယ်။ အဆိုပါဂိုးကိုလည်း ရွန်းနီကသွင်းခဲ့တာပါ။ ပွဲချိန် ၆၆မိနစ်မှာတော့ ၀က်စ်ဟမ်းဂိုးသမား ဂျိုးဟတ် ဘောလုံးကိုဖျက်ထုတ်ရာကနေ ကွင်းလယ်ကို ဘောလုံးကျလာခဲ့ပါတယ်။အဆိုပါဘောလုံးက ရွန်းနီကမဆိုင်းမတွ ကွင်းလယ်ကနေကန်သွင်းကာ တတိယဂိုးသွင်းပေးခဲ့ပါတယ်။ ရ၈မိနစ်မှာတော့ အက်ရှလေဝီလီယံက နောက်ဆုံးဂိုးကိုသွင်းခဲ့ပါတယ်။ ဒါ့ကြောင့် ပွဲအပြီးမှာ အဲဗာတန်က ၄-၀ ဖြင့် ၀က်စ်ဟမ်းကိုနိုင်ခဲ့ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။