ရှမ်းယူနိုက်တက်မှာ ကစားသမားဘဝကုန်ဆုံးချင်တဲ့စိုးမင်းဦး

ရှမ်းယူနိုက်တက်ရဲ့ဝါရင် ့တိုက်စစ်မှူးစိုးမင်းဦးဟာ

သူ ့ရဲ့ကစားသမားဘဝကိုရှမ်းယူနိုက်တက်မှာပဲ

ကုန်ဆုံးချင်တယ်လို ့ပြောခဲ့ပါတယ်။

ရှမ်းယူနိုက်တက်ဖြစ်လာမယ် ့

KBZအသင်းစတင်တည်ထောင်စဉ်ကတည်းက

စိုးမင်းဦးဟာ အသင်းမှာကစားလာခဲ့တာဖြစ်ပြီး

ရှမ်းအသင်းအတွက်သူပေးဆပ်ခဲ့တာ ၉နှစ်

ရှိပါပြီ။

အသင်းအတွက်လိုအပ်တဲ့အချိန်တိုင်းမှာ

သူရှိနေခဲ့ပြီး ရှမ်းယူနိုက်တက်

အတွက် နှစ်တိုင်းအဖိုးတန်သွင်းဂိုးတွေ သူသွင်းယူပေးခဲ့ပါတယ်။

ရှမ်းယူနိုက်တက်မှာကစားရင်းမြန်မာ ့လက်ရွေးစင်

ကစားသမားအဖြစ်လည်းသူကစားခဲ့ပါတယ်။

ခုနောက်ပိုင်းနှစ်တွေမှာ အရံခုံတန်း

တွေပေါ်မှာထိုင်နေရပေမယ် ့အသင်းအတွက်

လိုအပ်လာတဲ့ အခ ျိန်တိုင်းသူဂိုးတွေ

သွင်းယူပေးတတ်ပါတယ်။

စိုးလင်းဦးကသူရဲ့လူမှုကွန်ယက်မှာ

ရှမ်းအသင်းကိုသူဘယ်လောက်တွယ်တာကြောင်း

အခုလိုလေးရေးသားခဲ့ပါတယ်။

စဉ်းစားကြည့်လိုက်တော့... KBZ/ရှမ်းယူနိုက်တက်မှာ အသင်းစထောင်ကတည်းက

ပါဝင်ခဲ့ဘောလုံးသမားဆိုလို့ ကျွန်တော် တစ်ယောက်ထဲ ကျန်နေတာပါ။ အဲဒီအတွက် ဂုဏ်ယူဖို့သင့်

၊ မသင့် သိပ်မသေချာပေမယ့် ကျွန်တော် ဂုဏ်ယူမိပါတယ်။

ပြောရမယ်ဆိုရင KBZ/ရှမ်းယူနိုက်တက်ကစားသမားဘဝကို ကျွန်တော် ဂုဏ်ယူတယ်

။ ကျွန်တော့်ရဲ့ရင်ဘတ်မှာ ရှမ်းယူနိုက်တက်တံဆိပ်ပါတဲ့ဂျာစီကိုဝတ်ရင်း ကစားသမားဘဝ ကုန်ဆုံးသွားချင်ပါတယ်။"တဲ့။

Source-Soe Min Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။